Connect with us

Education & Health

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားများနှင့် မသန်စွမ်းသူများအတွက် သိန်း ၅၅၀၀ကျော် ထောက်ပံ့

ဘိုးဘွားများနှင့် မသန်စွမ်းသူများအတွက် ငွေကြေးထောက်ပံ့အခမ်းအနားကျင်းပစဉ်(လူကယ်ပြန်)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအတွက် သိန်း ၅၅၀၀ကျော်ကို ဇွန် ၁၆ရက်က ထောက်ပံ့ပေးခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား (၁၄,၉၈၂)ဦးအတွက် ထောက်ပံ့ငွေကျပ် ( ၇၄၉,၄၆၀,၀၀၀)၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်နှင့် လပွတ္တာခရိုင်များအတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း (၁၈,၅၄၈)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၅၆,၄၄၀,၀၀၀)ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ပုသိမ်မြို့ ရပ်ကွက် (၈)၊ ငါးသိုင်းချောင်းမြို့ ငဝန်ရပ်ကွက်နှင့် ရွှေဘိုရပ်ကွက်၊ ကျောင်းကုန်းမြို့၊ အိုးဖိုကျေးရွာနှင့် စစ်ကိုင်းထောင့် ရပ်ကွက်များအတွက် မိခင်ဝိုင်းတစ်ဝိုင်းစီ ဖွင့်လှစ်ရန် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၈၅၀,၀၀၀)နှင့် မသန်စွမ်းကလေးငယ်တစ်ဦးအတွက် ဝှီးချဲတို့ကို အသီးသီးပေးအပ်ရာခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ မသန်စွမ်းများနှင့် မိခင်ဝိုင်းများဖွင့်လှစ်ရန် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရန် ပြည်သူများ၊လူမှုအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရဌာနများက ပူးပေါင်းပေးကြစေလိုကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ထိခိုက်လွယ်သောအုပ်စုသည် တိုင်းဒေသကြီးလူဦးရေ၏ ၄၇% ခန့်ရှိကြောင်း၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသည့် ဝန်ဆောင်မှုများတွင် အများနည်းတူခံစားရရှိရန် လိုအပ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရန် တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများကိုလည်း ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ပေးလျက်ရှိရာ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ငွေကြေး ထောက်ပံ့ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်း များနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ ပေါ်ပေါက်ပြီးဖြစ်ကြောင်း၊ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး မဟာဗျူဟာစီမံချက်များနှင့် လုပ်ငန်းစဉ်များ ချမှတ်လျက် ရှိကြောင်း သိရသည်။(Xinhua)