ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) မတူပီ-ပလက်ဝလမ်း နှင့် ကျောက်တော်-ပလက်ဝလမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) စီမံကိန်းသည် ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၄၆ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း နှင့် မဲဆွယ် စည်းရုံးခွင့် ဆိုင်ရာ တို့နှင့် စပ်လျဉ်း၍ ထပ်မံ အသိပေး ထုတ်ပြန် ကြေညာခြင်း တစ်ရပ်အား အောက်တိုဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ နှစ်လယ်လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် နိုဗိုတယ်ရန်ကုန်မက်စ် ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ပြည်တွင်းပြည်ပမှ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူများက ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း အောက်တိုဘာ ၁၀ ရက်က တရားမဝင်သစ် ၁၈တန်ကျော် ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ ရွှေစြင်္ကာ ခရီးသည်တင်ယာဉ်က သစ်ပင်အား ဝင်တိုက်မိ၍ ယာဉ်မောင်းနှင့် ခရီးသည်များ ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တမူးမြို့၌ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်အနီးတွင် အောက်တိုဘာ ၁၀ရက် နံနက်ပိုင်းက ကျပ်သိန်း ၂ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ရေနံဓာတ်ငွေ့ရည် (LPG) ကို ၂၀၂၀ ပြည့်နှစ် တွင် ကျေးရွာ များ အထိ ရောက်အောင် ဖြန့်ဖြူးသွားရန်နှင့် အိမ်ထောင်စု တစ်သန်းအထိ သုံးစွဲနိုင်ရန် ရည်မှန်း ချက်ထား ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်...
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် အင်ဒိုနီးရှား သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို ၏ ဖိတ်ကြားချက် အရ အင်ဒို နီးရှား သမ္မတနိုင်ငံ ဘာလီကျွန်း၌ ကျင်းပပြုလုပ်မည့် အာဆီယံခေါင်းဆောင်များစုဝေးပွဲ (ASEAN Leaders´ gathering...
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ စေတီပုထိုးများအနက် ငလျင်လှုပ်ပြီးချိန်မှ ယခုအချိန်အထိ (၂) နှစ်တာ ကာလအတွင်း စုစုပေါင်း စေတီပုထိုး ၃၂၅ ဆူကို ပြုပြင် ထိန်းသိမ်းပြီး ဖြစ်ကြောင်း ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သည့် ပုဂံ-ညောင်ဦး ဒေသရှိ...
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “တစ်လီ”(TITLI)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးမြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။