Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေဒီယိုလှိုင်းနှုန်းအသုံးပြုမှု တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေဒီယိုလှိုင်းနှုန်းအသုံးပြုမှု တိုင်းတာစစ်ဆေးခြင်းများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေဒီယိုလှိုင်းနှုန်းအသုံးပြုမှု တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေဒီယိုလှိုင်းနှုန်းစဉ်ကြီးကြပ်ရေးနှင့် စံချိန်စံညွှန်းဌာနမှ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း Mobile Operator များ၏ ဆက်သွယ်ရေးကွန်ရက်သို့ အနှောက်အယှက်ဖြစ်စေသော Repeater အသုံးပြုနေမှုများအား သွားရောက်စစ်ဆေးခြင်း၊ Repeater အသုံးပြုသူများထံသို့ Repeater များ ဆက်လက်အသုံးမပြုရန် အကြောင်းကြားစာပေးပို့ခြင်း၊ Repeater များအား ဖြုတ်သိမ်းခြင်း၊ Repeater သုံးစွဲမှုကြောင့် Mobile Operator များ၏ ဆက်သွယ်ရေး ကွန်ရက်သို့ အနှောက်အယှက်ဖြစ်စေရုံသာမက ပတ်ဝန်းကျင်ရှိ မိုဘိုင်းဖုန်းသုံးစွဲသူများထံသို့ အနှောက်အယှက်ဖြစ်စေကြောင်း ပြည်သူများထံသို့ ရှင်းပြခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေဒီယိုလှိုင်းနှုန်းအသုံးပြုမှုများကို တိုင်းတာဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.