Connect with us

Politics, Law & Military

ရပ်ဝန်း တစ်ခု ၊ လမ်းကြောင်း တစ်ခု One Belt One Road(OBOR) နှင့် စပ်လျဉ်းသည့် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင် ကော်မတီ ဖွဲ့စည်းထား

ကော်မတီ ဖွဲ့ စည်းကြောင်း ဖော်ပြထားသည့် မြန်မာနိုင်ငံတော် ပြန်တမ်းအား တွေ့ ရစဉ်(ဓာတ်ပုံ-မြန်မာနိုင်ငံ ပြန်တမ်း)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

ရပ်ဝန်း တစ်ခု ၊ လမ်းကြောင်း တစ်ခု One Belt One Road(OBOR) နှင့် စပ်လျဉ်းသည့် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင် ကော်မတီအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် အပါအဝင် ၂၇ ဦးဖြင့် နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် (၆၉/၂၀၁၈)ဖြင့် ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံတော် ပြန်တမ်းတွင် ဖော်ပြထားသည်။

ထိုကော်မတီသည် မြန်မာ-တရုတ် စီးပွားရေး စြင်္က ံ နှင့် မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုဇုန်တည်ထောင်ရေး နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ကဏ္ဍ အလိုက် သော်လည်းကောင်း ၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရ အဖွဲ့များ အကြားတွင် လည်းကောင်း ၊ လုပ်ငန်း တာဝန်များကို အစဉ်တစိုက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် သော်လည်းကောင်း ၊ အကောင် အထည်ဖော်ခြင်း ၊ ဆန်းစစ် လေ့လာ သုံးသပ်ခြင်း ၊ မူဝါဒ ချမှတ်ခြင်း တို့ကို ပိုမို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရပ်ဝန်း တစ်ခု ၊ လမ်းကြောင်း တစ်ခု One Belt One Road(OBOR) နှင့် စပ်လျဉ်းသည့် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဒုတိယ သမ္မတ(၁) ၊ အတွင်းရေးမှူး အဖြစ် နိုင်ငံ ခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် နှင့် အဖွဲ့ဝင်များ အဖြစ် ပြည်ထောင်စု ဝန်ကြီး ၁၈ ဦး ၊ တိုင်းဒေသ ကြီး နှင့် ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ် ၅ ဦး ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ တို့ပါဝင်ကြောင်း သိရသည်။

ကော်မတီ၏ လုပ်ငန်း တာဝန်များမှာ မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံတို့အကြား “ရပ်ဝန်း တစ်ခု ၊ လမ်းကြောင်း တစ်ခု” ခေါင်းစဉ်အောက်မှ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ဝန်ကြီးဌာနများ ၊ အစိုးရ ဌာန အဖွဲ့ အစည်းများ ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရ အဖွဲ့များ နှင့် ညှိနှိုင်း ဆောင်ရွက်ရန် လမ်းညွှန်မှု ပေးခြင်း ၊ “ရပ်ဝန်း တစ်ခု ၊ လမ်းကြောင်း တစ်ခု” နှင့် သက်ဆိုင်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် မူဝါဒ နှင့် သက်ဆိုင်သည့် လမ်းညွှန်မှုများ ပေးခြင်း ၊ စီမံကိန်းများ ဆောင်ရွက်ရာတွင် မူဝါဒ နှင့် လုပ်ထုံး လုပ်နည်းများ ၊ စီမံခန့်ခွဲမှု နည်းလမ်းများ ရေးဆွဲ၍ ပြည်ထောင်စု အစိုးရ အဖွဲ့သို့တင်ပြ၍ အတည်ပြုချက် ရယူခြင်း ၊ “ရပ်ဝန်း တစ်ခု ၊ လမ်းကြောင်း တစ်ခု” နှင့် စပ်လျဉ်း၍ မူဝါဒ ဆိုင်ရာ ညှိနှိုင်း ရမည့် အကြောင်းအရာများ ပေါ်ပေါက် လာပါက နိုင်ငံတော် သမ္မတရုံးသို့တင်ပြ လမ်းညွှန်မှု ခံယူခြင်း ၊ “ရပ်ဝန်း တစ်ခု ၊ လမ်းကြောင်း တစ်ခု” နှင့် စပ်လျဉ်း၍ သုတေသန လေ့လာနိုင်ရေး အတွက် ကျွမ်းကျင် ပညာရှင်များ အဖွဲ့ဖွဲ့စည်း တာဝန် ပေးအပ်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးဆောင် ကော်မတီ ပြင်ဆင် ဖွဲ့စည်းရန် နှင့် အဖွဲ့ဝင်များ ဖြည့်စွက် ခန့်ထားရန် လိုအပ်ပါက နိုင်ငံ တော် သမ္မတရုံးသို့တင်ပြ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဦးဆောင် ကော်မတီသည် လိုအပ်သော လုပ်ငန်း ကော်မတီများ ၊ အထောက်အကူပြု ဆပ်ကော်မတီများ နှင့် လုပ်ငန်း အဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက် သွားရန် ဖြစ်ကြောင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.