Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၌ ငွေကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်အတွင်း မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ နန့်မကျိုင်းကားလမ်းဆုံ၌ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းရှာဖွေရာမှ ငွေကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီခွဲ တွင် မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ နန့်မကျိုင်းကားလမ်းဆုံ၌ စောင့်ဆိုင်းနေစဉ် အင်းတော်မြို့ဘက်မှ ထီးချိုင့်မြို့နယ် ကမ်းနီးကျေးရွာအုပ်စု ဝဲကြီးကျေးရွာနေ မင်းကိုဦး ၃၃ နှစ် မောင်းနှင်ပြီး အောင်ချမ်း ၃၃ နှစ် နောက်ထိုင်စီးနင်းလိုက်ပါလာသည့် YINXIANG-125 မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အောင်ချမ်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ဆပ်ပြာခွက် ၄၄ ခွက်နှင့်ထည့်ထားသည့် ငွေကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၈၄ ဂရမ်နှင့် WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြားနှင့် မင်းကိုဦး ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးကို သိမ်းဆည်းရမိခဲ့သည်။

မင်းကိုဦးနှင့်အောင်ချမ်းတို့နှစ်ဦး၏ စစ်ဆေးပေါ်ပေါက်မှုအရ အဆိုပါသိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ တစ်ရွာတည်းနေ ဇော်ထိုက်အောင်(ခ)ဖိုးဇော် ၄၀ နှစ်မှ သယ်ဆောင်ခိုင်းခြင်းဖြစ်ပြီး ၎င်းမှာ ရှေ့မှဆိုင်ကယ်ဖြင့်ကြိုတင်သွားနှင့်ကြောင်းသိရှိရ၍ လိုက်လံရှာဖွေရာ ပင်ဝယ်ကျေးရွာနှင့် တုံးလုံကျေးရွာကြား ကားလမ်းဘေးတွင်တွေ့ရှိရ၍ ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါးတစ်စုံတစ်ရာမတွေ့ရှိရသော်လည်း မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် ဆက်သွယ်အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများသယ်ဆောင်သူ မင်းကိုဦး၊အောင်ချမ်းနှင့် ဇော်ထိုက်အောင်(ခ)ဖိုးဇော်တို့ သုံးဦးအား အင်းတော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.