Connect with us

Politics, Law & Military

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅၄ ရွက် ဖမ်းဆီးရမိမှုဖြစ်ပွား

အောက်တိုဘာလ ၇ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ၌ သိမ်းဆည်းရမိသည့် ငွေစက္ကူတုအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅၄ ရွက် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ ၁၄း၃၀ နာရီ အချိန် ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော် ဦးစီးပူးပေါင်းအဖွဲ့သည် သတင်းအရ ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာနေ နော်သော့သွဲ့ထူး (၂၅)နှစ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း အဝတ်အစားအိတ်ဖြင့် ထည့်လျက် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅၄ ရွက်အား ဖမ်းဆီးရမိခဲ့သဖြင့် စစ်မေးရာ ၎င်းသည် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(ရက်မမှတ်မိ)တွင် စင်္ကာပူနိုင်ငံသို့ သွားရောက်ကာ အိမ်အကူလုပ်ကိုင်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် ၎င်း၏ လုပ်အားခများအား အိမ်ရှင်အမျိုးသမီး (စိစစ်ဆဲ)ထံ တွင် တောင်းခံခဲ့ရာ အိမ်ရှင် အမျိုးသမီးမှ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စင်္ကာပူနိုင်ငံရှိ MM Sharife Trader တွင် စင်္ကာပူ ဒေါ်လာ ၃၁၂၃.၃၉ အား သွားရောက် လဲလှယ်ရာမှ ရရှိသော မြန်မာငွေ ၂,၉၆၀,၀၀၀ ကျပ်အား ၎င်းထံပေးခဲ့ရာမှ ပါလာသော ငွေတုများဖြစ်ကြောင်း သိရှိရသဖြင့် ၁၇၅၀ အချိန် တွင်နော်သော့သွဲ့ထူး အား ဒိုက်ဦးမြို့မရဲစခန်း(ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.