ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ရှိသည့် ဆည်၊ တမံများ အနက် အချို့သော ဆည်၊ တမံများမှာ မိုးရွာသွန်းမှု အားကောင်း၍ သတ်မှတ်ကန်ရေပြည့်ပမာဏကျော်လွန်လျက်ရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသည့် ဆည်၊ တမံ ၄၄ ခုရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) သစ်တော နယ်မြေအတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်များအတွက် ၂၀၁၅ ခုနှစ်မှ ယနေ့အထိ မြေငှားရမ်းခ၊ လုပ်ငန်း အာမခံနှင့် ကုန်သွယ်လုပ်ငန်းခွန်များ စုစုပေါင်း ကျပ် ၁ ဒသမ ၃၄၅၂ ဘီလျံ(ကျပ် ၁၃၄၅၂ သိန်း) ရရှိထားကြောင်း သယံဇာတနှင့်...
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ တိုးမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ) ရေပူနှင့်မရမ်းချောင် စစ်ဆေးရေးစခန်းများတွင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှု ပြုလုပ် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၅ ရက်တွင် ထိုစခန်း နှစ်ခုမှ တားဆီးမှု ၁၂ မှု ၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉ ဒသမ...
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ မြေပြိုကျ၍ ၁ ဦး ဒဏ်ရာရ၊ ၁ ဦး ပျောက်ဆုံးနေမှုဖြစ်ပွားနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့၏ အပြီးသတ်အစီရင်ခံစာကို ယနေ့ အစိုးရထံ ပေးအပ်ခဲ့ကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာ့ကမ်းရိုးတမ်း နှင့် (၅၆)မိုင်ခန့် ကွာဝေးသော မြောက်လတ္တီတွဒ် ၁၆.၀၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၂၆ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက လိုအပ်လျက်ရှိသော မြန်မာရေလုပ်သားများအား တရားဝင်စေလွှတ်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထိုင်း နိုင်ငံ အလုပ်သမားဝန်ကြီးနှင့် ယနေ့နံနက်ပိုင်း တွေ့ဆုံဆွေးနွေးအပြီးတွင် မီဒီယာသို့ ဖြေကြား ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်နှင့် ချင်းတွင်းမြစ်ဝှမ်းကြီးတစ်ခုလုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတော့ဟုမ်းပတ်ဝန်းကျင်သိပ္ပံ(SEI)နှင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ(MEI)တို့နှင့် ပူးပေါင်း လုပ်ကိုင်နိုင်ရန် နားလည်မှု စာချွန်လွှာ(MoU) လက်မှတ် ရေးထိုးနိုင်ရေးလုပ်ဆောင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။