ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို ယခုနှစ် မေလ ၁၄ရက်နေ့တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး ကြေညာချက်အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုများကို မဟာဗျူဟာစီမံကိန်းများ ရေးဆွဲ၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ငါးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း၂၀၁၈ – ၂၀၂၂ကို စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၃/၅)နှင့် (၁၀၃/၆)အကြားတွင် ဧပြီ ၂၁ရက်နေ့က ယာဉ်တိမ်းမှောက်မှုကြောင့် ၂ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်ဖက်ကုန်သွယ်မှု ဒေါ်လာသန်း ၁ဝဝဝ ကျော်လွန် သည်အထိ တိုးမြှင့်သွားရန် သဘောတူခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ သွားရောက် ခဲ့သည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်နှင့်ပတ်သက်သည့် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး အင်အားရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု ယနေ့ဧပြီ ၂၂ ရက် နံနက်ပိုင်းအချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ပုသိမ်ကြီး မြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၅,၄၀၃ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး ၅.၂ အဆင့်ရှိ အင်အား အသင့်အတင့် ရှိသော မြေငလျင် တစ်ခုသည် ယနေ့ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့်...
ရန်ကုန် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ထမံသီအနီး အင်အားရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုသည် ယနေ့ဧပြီ ၂၀ ရက် နေ့လည်ပိုင်း အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ရွှေဘိုမြစ်ကြီးနား ကားလမ်း မိုင်တိုင် (၄၀/၄၁)ကြား၌ ဆီဘောက်ဆာ ၁၀ ဘီးယာဉ် တစ်စီး တိမ်းမှောက် ခဲ့မှုကြောင့် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်တို့သည် သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး ၄.၈ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင် တစ်ခုသည် ယနေ့ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ညွှန်ကြားမှု...