Connect with us

Environment, Disasters & Accidents

မြန်မာ့ပင်လယ်ပြင်တွင် အင်အား ၅.ဝအဆင့်ရှိ ငလျင်လှုပ်ခတ်

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြန်မာ့ပင်လယ်ပြင်တွင်း အင်အားရစ်ချ်တာစကေး(၅.ဝ)အဆင့်ရှိ အသင့်အတင့်ရှိသော မြေငလျင်တစ်ခု ယနေ့ နံနက် ၉နာရီ၁၀မိနစ်တွင် လှုပ်ခတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ မြန်မာစံတော်ချိန် (၀၉)နာရီ (၁၀)မိနစ် (၁၃)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၆၁) မိုင်ခန့် ကွာဝေးသော (မြန်မာ့ပင်လယ်ပြင်) မြောက်လတ္တီတွဒ် (၁၅.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၂) ဒီဂရီ၊ အနက် (၁၁၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ် ချ် တာစကေး(၅.ဝ)အဆင့်ရှိ အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခတ်မှုအား တိုင်းထွာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.