Connect with us

Politics, Law & Military

ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံး ၁၂ ခု ပါဝင်သော ရုံးသစ် နေပြည်တော်တွင် ဖွင့်လှစ်

UN ရုံးသစ်ဖွင့်ပွဲတွင် ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Haoliang Xu အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ၏ ကိုယ်စားလှယ်ရုံး ၁၂ ခု ပါဝင်သော ရုံးသစ်ကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ UMFCCI အဆောက်အအုံ အောက်ထပ်တွင် ယမန်နေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့ရာ The United Nations Assistant Secretary-General Mr. Haoliang Xu က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးများ လည်း တက်ရောက်ခဲ့ကြသည်။

ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖွင့်လှစ်ခဲ့သော ကုလ သမဂ္ဂ ရုံးသစ်တွင် မြန်မာနိုင်ငံအခြေစိုက် ဖွင့်လှစ်ထားသော ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံး ၁၇ ခုအနက် UNDP, UNICEF, UNFPA, WFP, FAO, UNOPS, UNHCR, UNOCHA, UNAIDS, UNHABITAT, WHO နှင့် UNRCO (United Nations Resident Coordinator Office) ဟူသည့် ကိုယ်စားလှယ်ရုံး ၁၂ ရုံးများ ပါဝင်ကြပြီး အဆိုပါ ရုံးသစ် ဖွင့်ပွဲသို့မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကုလသမဂ္ဂနှင့် အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်တင်တို့တက်ရောက် အမှာစကား ပြောကြားခဲ့ကြသည်။ ထို့အတူ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းတို့လည်း တက်ရောက်ခဲ့ကြသည်။

UN ရုံးသစ်ဖွင့်ပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

UN အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မှတ်တမ်း ဓာတ်ပုံရိုက်ကူးကြစဉ် (ဆင်ဟွာ)

အဆိုပါ ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခြင်းကြောင့် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် လျက် ရှိသည့် လုပ်ငန်းများ ပိုမိုအောင်မြင် မြန်ဆန်လာမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ဆင်ဟွာသို့ ဖြေကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.