Connect with us

Politics, Law & Military

ပင်လုံညီလာခံ တတိယနေ့ ကဏ္ဍအလိုက် ဆွေးနွေးပွဲများ ကျင်းပ

နိုင်ငံရေးပါတီ အစုအဖွဲ့  ကိုယ်စားလှယ် ANP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က မီဒီယာများမေးမြန်သည်ကိုဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ၂၁ ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေး၊ တတိယ နေ့တွင် အစု အဖွဲ့ငါးခုတို့က ကဏ္ဍအလိုက် ဆွေးနွေးပွဲများ ကျင်းပခဲ့ကြပြီး မြေယာ၊ သယံဇာတ ကဏ္ဍနှင့် စီးပွားရေး ကဏ္ဍတို့တွင် သဘောတူညီမှုများ ရရှိထားကြပြီး လူမှုရေးကဏ္ဍနှင့် နိုင်ငံရေး ကဏ္ဍတို့တွင်မူ ဆက်လက် ညှိနှိုင်းရမည့် အချက်များ ရှိနေကြောင်း ညီလာခံ ကိုယ်စားလှယ်တို့က ဆင်ဟွာကို ဖြေကြားသည်။

မြေယာနှင့် သယံဇာတ ကဏ္ဍတွင် ပါဝင် ဆွေးနွေးခဲ့သော၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စား လှယ် အဖြစ်တက်ရောက်လာသည့် ANP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ယခုမနက်ပိုင်း မြေယာကဏ္ဍတွင် အရေးကြီးသည့် အချက်နှစ်ချက်ဆွေးနွေးကြကြောင်း၊ ပထမအချက်က နိုင်ငံတော်မှာရှိသည့် မြေယာများကို နိုင်ငံသားများက ပိုင်ဆိုင်ခွင့် ရှိရမည်၊ တရားမဝင် နေထိုင်သူများ နိုင်ငံခြားသားများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ ဖြစ်စေ ပိုင်ဆိုင်ခွင့် မရှိရ စေရဆိုသည့် အချက်ဖြစ်ကြောင်း၊ ဆွေးနွေးမှု အခြေအနေလည်း ကောင်းမွန်ကြောင်း ပြောခဲ့သည်။

လွှတ်တော် အစုအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သော ANP ပါတီမှ ဦးဘရှိန် က မီဒီယာများမေးမြန်းသည်ကိုဖြေကြားနေစဉ် (ဆင်ဟွာ)

နိုင်ငံရေးပါတီ အစုအဖွဲ့ဝင် လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ နာယက ဦးယောသပ် က မီဒီယာများမေးမြန်းသည်ကိုဖြေကြားနေစဉ် (ဆင်ဟွာ)

စီးပွားရေး ကဏ္ဍတွင် ယနေ့နံနက် ပါဝင် ဆွေးနွေးခဲ့သော လွှတ်တော် အစုအဖွဲ့၏ ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ANP ပါတီမှ ဦးဘရှိန်က”စီးပွားရေးကဏ္ဍမှာ တင်လာတာက တစ်ချက်တည်းပါ။ အဲဒါက… တိုင်းဒေသကြီး ပြည်နယ်တွေနဲ့ပြည်ထောင်စုရဲ့ ဥပဒေပြုချက်တွေအပေါ် လျော်ကန်တဲ့ သဘောရှိတဲ့မူကို ချမှတ်ဖို့ပါ။ တိုင်းဒေသကြီး ပြည်နယ်တွေက ဒေသအတွက် စီးပွားရေး လုပ်ငန်း တွေ လုပ်ကိုင်ဖို့ အာဏာရှိတယ်၊ အဲဒီလို အာဏာတွေပေးတဲ့အခါ ပြည်ထောင်စုက ချမှတ် ထားတဲ့ မူဝါဒတွေနဲ့ ဆန့်ကျင်မှု မဖြစ်အောင်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကြားမှာ အငြင်းပွားမှု မရှိရအောင်၊ တစ်ခုနဲ့ တစ်ခုအကျိုးစီးပွား မထိခိုက်ရအောင် ဆောင်ရွက်ရမယ်ဆိုတဲ့ အချက်တွေပေါ့ လေ။ အဲဒါတွေကို မူတစ်ရပ်အနေနဲ့ ချမှတ်ဖို့ဆွေးနွေးတယ်။ UPDJC မှာ ၁၁ ချက် ဆွေးနွေးခဲ့ပေ မယ့် ဒီတစ်ချက်ကိုပဲ အဖွဲ့အစည်းအားလုံးက မူတစ်ရပ် အနေနဲ့ လက်ခံကြတဲ့ အတွက်ကြောင့် ဒါကိုပဲ တင်တာပါ” ဟု ပြောခဲ့သည်။လူမှုရေး ကဏ္ဍတွင် ပါဝင်ဆွေးနွေးခဲ့သည့် လွှတ်တော် အစုအဖွဲ့မှ ညီလာခံ ကိုယ်စားလှယ် ဦးမင်းဦးက လူမှုရေးကဏ္ဍတွင် အချက်ခုနစ်ချက်ကိုညီ လာခံသို့တင်၍ အစုအဖွဲ့လိုက်ဆွေးနွေးလျက်ရှိကြောင်းပြောခဲ့သည်။ (Xinhua)