Connect with us

Politics, Law & Military

စတုတ္ထ ညီလာခံ ယခုနှစ်ကုန်တွင်ကျင်းပနိုင်ရန်ရည်မှန်း


နေပြည်တော်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ယခု ကျင်းပလျက်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်း အဝေး အပြီးတွင် NCA ၌ လက်မှတ်ရေးထိုးလာမည့် အဖွဲ့များ တိုးလာမည်ဟု မျှော်လင့်ထားကြောင်း UPDJC အတွင်းရေးမှူး၊ ညီလာခံ ကိုယ်စားလှယ် ဦးဇော်ဌေးက ယနေ့ညနေ သတင်းစာ ရှင်းပွဲတွင် ပြောခဲ့သည်။

“ဒီနေ့ နေပြည်တော် NRPC မှာ ၃ နာရီခွဲမှာ လေးဖွဲ့၊ ၀ သွေးစည်း ညီညွတ်ရေးပါတီ၊ နောက် SSPP, မိုင်းလားနဲ့KIA တို့က နိုင်င့တော် အတိုင်ပင်ခံနဲ့ လာတွေ့သွားတယ်၊ ၄ နာရီခွဲမှာတော့ TLNA, MNDDA နဲ့ AA တို့က အဖွဲ့ခေါင်းဆောင်တွေ လာတွေ့သွားတယ်၊ အဲဒီ လေးဖွဲ နဲ့ရော သုံးဖွဲ့ စလုံးနဲ့ရော အဓိက ဆွေးနွေးတာက NCA ရေးထိုးဖို့ပဲ၊ ၂၁ ရာစု ပင်လုံမှာ ပါဝင်လာပြီးတော့ပေါ့၊ မနေ့ကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့သူတို့အဖွဲ့တွေ တွေ့ပြီး ဆွေးနွေးခဲ့တယ်၊ တကယ်တော့ AA, TLNA, MNDAA.. ဒီသုံးဖွဲ့ရဲ့ သဘောထားက အရင်တည်းက NCA မှာ ပါဝင်ဖို့ဆန္ဒရှိခဲ့ကြတာ၊ လောက်ကိုင်တိုက်ပွဲတွေ ဖြစ်ချိန်မှာ ကျန်ခဲ့ကြတာ၊ သူတို့နဲ့ဆွေးနွေးရာမှာ လည်း ကောင်းကောင်းမွန်မွန် အချိန်ပေးပြီးဆွေးနွေးနိုင်တယ်၊သူတို့ဘက်ကလိုလားချက်တွေကို လည်း သိရတယ်၊ ခြုံပြီးပြောရရင် သူတို့အားလုံးကအကြီးအကဲတွေနဲ့ တွေ့ပြီးဆွေးနွေးကြတယ်၊ ဒီညီလာခံ ပြီးသွားရင်လည်း သူတို့နဲ့ ထိတွေ့မှုတွေ တွေ့ဆုံမှုတွေ ဆက်လုပ်မယ်၊ ပိုမို ကောင်းမွန် တဲ့ အလားအလာတွေ ဖြစ်လာမယ်၊ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ လျော့နည်းသွားရေးက ကျွန်တော်တို့ အထူး မျှော်လင့်ထားတဲ့ ကိစ္စပါ၊ ဒါကြောင့်လည်း ဒီ ခုနစ်ဖွဲ့ကို ညီလာခံတက်ဖို့ ဖိတ်ကြားခဲ့တာပါ၊ တတိယ အစည်းအဝေးနဲ့ စတုတ္ထ အစည်းအဝေးကြားမှာတော့ NCA ထိုးမယ့် အဖွဲ့တွေ တိုးလာမယ်လို့ မျှော်လင့် ထားတယ်၊ တိုးလာအောင်လည်း လုပ်သွားဖို့ရှိပါတယ်” ဟု ပြောခဲ့သည်။

၂၁ ရာစု ပင်လုံ တတိယ ညီလာခံ ဒုတိယနေ့သတင်းစာရှင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ အဖွဲ့များနှင့် ဆက်လက် ဆွေးနွေးရာတွင် ၎င်းတို့အား ချဉ်းကပ်ပုံ ဆွေးနွေးပုံချင်းကမူ ကွဲပြားနိုင်ကြောင်း၊ bilateral များ မတူသောကြောင့် ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ဖြည့်စွက် ရှင်းပြခဲ့သည်။ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဆိုပါ ခုနစ်ဖွဲ့တို့တွေ့ဆုံစဉ်က ယမန်နေ့ ညီလာခံဖွင့် ပွဲ အခမ်းအနား၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်းပါ ကာလ သတ်မှတ်ချက်နှင့် ပတ် သက်ပြီး အဖွဲ့များ၏ စိုးရိမ် ပူပန်မှုများရှိခဲ့ကြောင်း၊ ထိုအချက်နှင့် အပေါ် ရှင်းလင်း ပြောကြားရာတွင် ဦးဇော်ဌေးက …. “နောက်တစ်ချက်က မနေ့က ဖွင့်ပွဲ အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ၂၀၁၉ ရည်မှန်း ချက်တွေ ပြောတယ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ရည်မှန်းချက်တွေ ပြောတယ်၊ ဒီလိုမျိုး target date တွေထားပြီး ပြောခြင်းဟာ တွန်းအားပေးတဲ့ သဘောလည်း ရှိသလို အဲဒီ target date ကျော်သွားရင် ဘာဖြစ်မလဲ လို့ စိုးရိမ်နေကြတာလည်း ရှိတယ်။ အဲဒါတွေကို သူတို့ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရှင်းပြခဲ့တယ်၊ Time Frame, Time line တွေ Target ထားပြီး ရည်မှန်းချက်ထားပြီး မဆောင်ရွက်ကြရင်အချိန်တွေ ပိုကြာသွား မယ်၊ Target ထား ဆောင်ရွက်မှသာ အားလုံးက သန္နိဌာန်ချပြီး လုပ်လာမယ်၊မြန်မြန်အောင်မြင်မယ်ဆိုတာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူတို့ကို ရှင်းပြပါတယ်” ဟုလည်း မီဒီယာကို ဖြေကြားခဲ့ သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ပါဝင်သော UPDJC အတွင်းရေးမှူး တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေကလည်း “အခု ရက်ပိုင်းအတွင်းမှာ တွေ့ဆုံ ဆွေးနွေးမှုတွေဟာ ကျွန်တော်တို့ ထင်တာထက် အရေအတွက် ရော အခြေအနေရော အများကြီးကို တိုးတက်လာတယ်၊ ဒီနှစ်မကုန်ခင်မှာ စတုတ္ထညီလာခံ လုပ်ဖို့ရှိ တယ်၊ အဲဒီညီလာခံ မတိုင်ခင်မှာပဲ NCA လက်မှတ် ထိုးမယ့် အဖွဲ့တွေ ရှိလာမယ်လို့ မျှော်လင့်ထားပါ တယ်” ဟု သတင်းစာ ရှင်းပွဲအပြီးတွင် ဆင်ဟွာကို ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.