Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးအား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရိုကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ဟွမ်ခွန်းမင်တို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသို့ လာရောက်လေ့လာလည်ပတ်သော တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရိုကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဟွမ်ခွန်းမင်ဦးဆောင်သော ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၀ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် ဝန်ကြီး ဟွမ်ခွန်းမင်က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ခင်မင်ရင်းနှီးစွာ မေးမြန်းမှု ကို တစ်ဆင့်ပြောကြားပေးခဲ့ရာ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရိုကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဟွမ်ခွန်းမင်တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး နှင့် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရိုကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဟွမ်ခွန်းမင်တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဆက်လက်ပြီး ဝန်ကြီးက တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးသည် ကောင်းမွန်တိုးတက်လျက်ရှိပြီး နှစ်နိုင်ငံအဆင့်မြင့်အရာရှိများ၏ ဆက်ဆံရေးအဆက်မပြတ်ရှိနေရာ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု များက ပိုမို ခိုင်မြဲလာကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေး နှင့်နိုင်ငံတိုးတက်ရေးအတွက် အားထုတ်လုပ်ဆောင်မှုများကို ထောက်ခံအားပေးပါကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏တူညီသည့် သဘောထားလမ်းညွှန်ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက် သွားကာ နှစ်နိုင်ငံ၏ အစဉ်အလာမပြတ်သည့်ချစ်ကြည်ရေးကိုလည်း တိုးပွားအောင် မြှင့်တင် လုပ်ဆောင်လိုကြောင်း ၊ ကဏ္ဍအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျကျ ထဲထဲ ဝင်ဝင်လုပ်ဆောင်သွား လိုကြောင်း ၊ ပါတီ၏စီမံခန့်ခွဲမှု၊နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံဖလှယ်မှု များ နှင့် ယဉ်ကျေးမှုပူးပေါင်း ဖလှယ်ရေးကဏ္ဍများကို တိုးမြှင့်ဆောင်ရွက် သွားလိုကြောင်း ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့်ပြည်သူ့ဆန္ဒကို အခြေခံပြီး ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို အောင်မြင်မှုသစ်များ ထပ်တိုးစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊မိတ်ဆွေကောင်းများ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ စိတ်ရင်းစေတနာအမှန်ဖြင့် ရေရှည်ကူညီထောက်ပံ့များကို ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအဆင့်မြင့်အရာရှိဆက်ဆံရေးကို နီးနီးကပ်ကပ်လုပ်ဆောင်သွားကာ တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်တည်ဆောက်မှုနှင့်ယဉ်ကျေးမှုဖလှယ်ခြင်းများကို တိုးမြှင့်ဆောင်ရွက် သွားလိုကြောင်း ၊ အမျိုးသားဒီမိုကရေစီပါတီအနေဖြင့် နှစ်နိုင်ငံ ပါတီအကြားဆက်ဆံရေးကို အလေးထား ပါကြောင်း ၊ တရုတ်ကွန်မြူနစ်ပါတီ၏နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံနှင့်အောင်မြင်မှု ကို လေးစားမိ ပါကြောင်း ၊ နိုင်ငံရေးရာစီမံခန့်ခွဲမှုဆိုင်ရာ ဖလှယ်မှုများကို တစ်ဆင့်တိုး ဆောင်ရွက်လို ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်ကာလအတွင်း ဝန်ကြီး ဟွမ်ခွန်းမင်က မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး နှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်တို့အား သွားရောက်တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု(မြန်မာဘာသာ)စာအုပ် စတင်ထုတ်ဝေခြင်း အခမ်းအနားနှင့် တရုတ်-မြန်မာ နိုင်ငံရေးရာ စီမံခန့်ခွဲဆွေးနွေးပွဲကို အတူတက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.