ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း ၂၃ ကျောင်း ခေတ္တပိတ်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတကာ ဈေးကွက်တွင် အတိုင်းအတာတစ်ခုအထိ နေရာရရှိ အောင်မြင်နေသည့် မြန်မာ ကော်ဖီအား ရေရှည် အောင်မြင်စေရန် အားလုံးပါဝင် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက တိုက်တွန်း ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) မြန်မာ-EU နှစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Roland Kobiaတို့ ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံ (CLMV နိုင်ငံများ)နှင့် တရုတ်နိုင်ငံတို့မှ ထိုင်းနိုင်ငံသို့ လာရောက် ဆေးကုသမှုခံယူသူများအား ပြည်ဝင်ခွင့်ဗီဇာ မလိုအပ်ဘဲ ရက်ပေါင်း(၉၀) နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ ဈာပနအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဂါဝရပြုပြီး ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ယာယီ ကယ်ဆယ်ရေး စခန်း များသို့ပြောင်းရွှေ့နေထိုင်မှုများ အနက် အိမ်ထောင်စု ၁၇၉၉၀ ခန့်မှ လူဦးရေ ၇၁၅၃၁ ဦးခန့်မှာ ယာယီ ကယ်ဆယ်ရေး စခန်းများတွင်...
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မိုးကောင်းတံတားထိပ်တွင် သတင်းအရ စောင့်ဆိုင်းရှာဖွေရာ ကျောက်စိမ်းအရွယ်စုံကျောက်တုံး ၁၆၃၃ တုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် သြဂုတ် ၁၆ရက် (ဆင်ဟွာ) ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို အမျိုးသားခြင်းလုံး အားကစားကရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ ဘောလုံး အသင်းသည် လာအို ယူ-၂၂ ဘောလုံးအသင်းအား သုံးဂိုးတစ်ဂိုးရလဒ်ဖြင့် အနိုင်ရှိခဲ့သည်။
ရန်ကုန် သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ပြင်းထန် အသက်ရှုလမ်းကြောင်းပိုးဝင် ရောဂါ လက္ခဏာဖြင့် ပြသသူ ၆၈၇ ဦးရှိပြီး Influenza A(H1N1)pdm09 ဓာတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ၂၆၂ ဦးရှိပြီး သေဆုံးသူ ၂၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သြဂုတ်...