Connect with us

Politics, Law & Military

UEHRD ၏ ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ကိုးဖွဲ့ ရခိုင်ပြည်နယ် အစိုးရနှင့် တွေ့ဆုံမည်

UEHRD၏ ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ကိုးဖွဲ့မှ ကိုယ်စားလှယ်များ ကုန်သည်စက်မှု အသင်းချုပ်၌ ဆွေးနွေးစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD)၏ ပုဂ္ဂလိကလုပ်ငန်း အဖွဲ့ကိုးဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံပြီး ဒေသပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ညှိနှိုင်းဆွေးနွေးကြမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုပ်ငန်းအဖွဲ့များဖြစ်သော ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းအဖွဲ့၊ စီးပွားရေးဇုန်များ ဖွံ့ဖြိုးရေး လုပ်ငန်းအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအဖွဲ့၊ အလုပ်အကိုင် ဖန်တီးရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ စီစဉ်ဖွင့်လှစ်ရေး လုပ်ငန်းအဖွဲ့၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအဖွဲ့၊ အသေးစားငွေကြေး ထောက်ပံ့မှုလုပ်ငန်းအဖွဲ့၊ ဘဏ္ဍာငွေ စုဆောင်းရေး(Crowd Funding)လုပ်ငန်းအဖွဲ့ တို့နှင့် ကုန်သည် စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများသည် လုပ်ငန်းအဖွဲ့ အသီးသီး အလိုက် အခြေခံအဆောက်အဦများ ဆောက်လုပ်ရေး၊ ရေနှင့်လျှပ်စစ်မီး တပ်ဆင်ရေး၊ လမ်းပန်းဆက်သွယ်မှု တိုးချဲ့အဆင့်မြှင့်တင်ရေး တို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၅ ရက်ခရီးစဉ်တွင် ဒေသအစိုးရ တာဝန်ရှိသူများနှင့် ဒေသခံများအား တင်ပြကာ လိုအပ်သည်များနှင့် တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် မြို့နယ် ၁၇ မြို့နယ်ရှိရာ မောင်တော၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့တို့အပြင် အခြားမြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် ရခိုင်ပြည်နယ် အစိုးရနှင့် အတူ ရခိုင်ပြည်နယ်ရှိ လုပ်ငန်းရှင်များနှင့်ပါ တွေ့ဆုံကာ ဒေသ၏ လိုအပ်ချက်များကို စနစ်တကျနှင့် ထိရောက်စွာ ပေါင်းစပ်ဖြည့်ဆည်း ပေးနိုင်ရေး ဆွေးနွေးကြ ရန် UEHRD ၏ ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့် ကုန်သည်စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ကိုးဖွဲ့မှ ကိုယ်စားလှယ်များ ကုန်သည်စက်မှု အသင်းချုပ်၌ နိုဝင်ဘာ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.