Connect with us

Politics, Law & Military

NCAလက်မှတ်ရေး ထိုးနိုင်ရေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၆ ရက်နေ့၌ ကျင်းပမည်

ငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ သတ္တမအကြိမ်မြောက် ဆွေးနွေးပွဲကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA )အပြီးသတ်ဆွေးနွေးမှုကို နိုဝင်ဘာ ၁၆ ရက်နေ့၌ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် (PC)၏ အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

” ကျွန်တော်တို့ နောက်ထပ် အပြီးသတ်ဆွေးနွေးရမယ့် အချက် သိပ်မများတော့ပါဘူး၊ တစ်ချက်လောက်ပဲ ကျန်တော့တယ်၊ ကျန်တဲ့ဟာကို ကျွန်တော်တို့ဆက်ပြီး ဆွေးနွေးသွားမှာပါ၊ အပြီးသတ် ဆွေးနွေးမယ် ဆိုတာကတော့ အခုရရှိထားတဲ့ ဆွေးနွေးချက် ရလဒ်တွေကို နှစ်ဖက်ခေါင်းဆောင်တွေထံ ပြန်လည်တင်ပြရဦးမှာ ဖြစ်တယ်” ငြိမ်းချမ်းရေးကော်မရှင် (PC) ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများကို ပြောကြားသည်။

ငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC)က ဖွဲ့စည်း ထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့(DPN)တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA ) လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အစိုးရထံသို့ အဆိုပြုထားသည့် အချက်ကိုးချက်အနက် သဘော တူရန်ကျန်ရှိနေသည့် အချက်များနှင့်ပတ်သက်၍ နှစ်ဖက် ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး ရာတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ တပ်နေရာ ချထားမှုများ၊ ကြားကာလ ဆောင်ရွက်ချက်ကိစ္စများ၊ နိုင်ငံခြားသား ပါဝင်မှုအခန်းကဏ္ဍ ကိစ္စများနှင့် ပတ်သက်သည့် JMC လုပ်ငန်း ကိစ္စများ၊NCA လက်မှတ်ရေး ထိုးနိုင်ရေး ကိစ္စများ နှင့် အထွေထွေကိစ္စရပ်များကို ခေါင်းစဉ်အလိုက် ဆွေးနွေးကြရာ ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

“အဆိုပြုချက် အချက်နံပါတ် ၅ နဲ့ ပတ်သက်တဲ့ တပ်ပိုင်းဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာ ကိစ္စတွေကိုလည်း အသေးစိတ်ဆွေးနွေးပြီးဖြစ် ပါတယ်၊ ရှေ့ဆက်ပြီး ဘယ်လိုသွားမယ်ဆိုတာလည်း ဆွေးနွေးပွဲ ကနေချမှတ်ပြီး ဖြစ်ပါတယ်၊ ဒီအပိုင်းတွေရဲ့ ဆုံးဖြတ်ချက်တွေ ကိုတော့ နောက်ဆုံးဆွေးနွေးမှုတွေရဲ့ အဆုံးသတ်မှာ ဘယ်လို ဆိုတာ ပြောပြလို့ရမှာပါ၊ ဆွေးနွေးချက်တွေကို နှစ်ဖက်ခေါင်း ဆောင်တွေဆီ ပြန်တင်ပြပြီးရင် NCA လက်မှတ်ရေး ထိုးနိုင်မယ် လို့တော့ နားလည်ယုံကြည်ထားပါတယ်”ဟု DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) တို့၏ သတ္တမအကြိမ် အစည်းအဝေးကို နိုဝင်ဘာ ၈ ရက်မှ ၉ ရက်အထိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ တပ်မတော် သားကိုယ်စားလှယ်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင် ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဦးနိုင်ငံလင်းနှင့် ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်များ၊DPNမှ အဖွဲ့ခေါင်းဆောင် ခူဦးရယ်၊ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးနှင့် အဖွဲ့ဝင်များ၊ လေ့လာသူများအဖြစ် NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့ မှ ပဒိုစောကွယ်ထူးဝင်း၊ ရဲဘော်သံခဲတို့ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ အကျိုးဆောင်အဖွဲ့များနှင့် နည်းပညာ အထောက်အကူပြု အဖွဲ့များ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.