Connect with us

Politics, Law & Military

မြန်မာ-ဗီယက်နမ် စီးပွားရေးနှင့် ရင်းနှီးမြှပ့်နှံမှု ကဏ္ဍများပိုမိုပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

ဒေါ်အောင်ဆန်း စုကြည်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင်ကွမ်တို့တွေ့ဆုံဆွေးနွေးစဉ်( ဓာတ်ပုံ- MOFA)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာ-ဗီယက်နမ် စီးပွားရေးနှင့် ရင်းနှီးမြှပ့်နှံမှု ကဏ္ဍများပိုမိုပူးပေါင်း ဆောင်ရွက်ရေးကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင်ကွမ်တို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံ အကြားအစဉ်အလာအရ တည်ရှိခဲ့သည့် ချစ်ကြည် ရင်းနှီး သည့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန်၊ ကုန်သွယ်ရေး တိုးမြှင့်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ပိုမိုပူးပေါင်းဆောင် ရွက်ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ် များတွင် ပူးပေါင်း ဆောင်ရွက်သွားရန် တို့ကိုလည်း ဆွေးနွေးကြကြောင်း သိရသည်။

အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာရှ- ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင်ကွမ်နှင့် နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီတွင် ဒါနန်းမြို့ရှိ ဒါနန်း Administration Center ဧည့်ခန်းမ၌ တွေ့ဆုံကြကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး ဗီယက်နမ်သမ္မတနှင့် အတူ ဗီယက်နမ်အစိုးရ အဖွဲ့ရုံးဝန်ကြီး မစ္စတာ ဒါအော့ဗီယက်ကျုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဒန်းဒင့်ကွီ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ ဒေါ့ထန်ဟိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.