Connect with us

Politics, Law & Military

အစိုးရ၏ ထပ်မံတောင်းခံ ဘဏ္ဍာငွေမှ ကျပ် ဘီလျံ ၇၀ ကို လွှတ်တော်က ဖြတ်တောက်

ပြည်ထောင်စု လွှတ်တော် ကျင်းပနေသည့်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တောင်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများနှင့် နေပြည်တော် ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့က ၂၀၁၇ – ၁၈ ပြည် ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းဖြင့် ထပ်မံ တင်ပြ တောင်းခံလာသည့် သာမန်သုံးငွေ၊ ငွေလုံးငွေရင်း သုံးငွေ စုစုပေါင်း ကျပ် ၂၅၄၄ ဘီလျံအနက် ကျပ် ခုနစ်ဆယ် ဘီလျံကို လျှော့ချ ဖြတ်တောက်ပြီး အဆိုပါ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ စုစုပေါင်း ၁၇ ခုတို့၏ ထပ်မံ တင်ပြ တောင်းခံငွေ များအား ဖြတ်တောက်ခဲ့သည့် ကျပ် ၆၅ ဘီလျံတွင် ကာကွယ်ရေး ဝန်ကြီး ဌာနက ငွေလုံးငွေရင်း သုံးငွေအတွက် တောင်းခံလာသော ကျပ် ၁၇၇ ဒသမ ၄၀၄ ဘီလျံမှ ၁ ဒသမ ၂၅၉ ဘီလျံ ဖြတ်တောက်ခြင်း၊ ပညာရေးဝန်ကြီးဌာနက ငွေလုံးငွေရင်းသုံးငွေ အတွက် တင်ပြ တောင်းခံ လာသော ကျပ် ၇ ဒသမ ၁၃၃ ဘီလျံမှ ကျပ်သန်း ၅၈၆ ဒသမ ၅ သန်း ဖြတ်တောက်ခြင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တင်ပြ တောင်းခံလာသော သာမန် သုံးငွေ ငွေလုံးငွေရင်း သုံးငွေ – စုစုပေါင်း ကျပ် ၄၂ ဒသမ ၀၇ ဘီလျံမှ ကျပ် သန်း ၉၂၈ ဒသမ ၅၃၆ သန်း ဖြတ်တောက်ခြင်း တို့လည်း ပါဝင်ခဲ့သည်။ ကျန် လျှော့ချ ဖြတ်တောက်ငွေ ငါးဘီလျံကမူ နေပြည်တော်ကောင်စီက ငွေလုံးငွေရင်းသုံးငွေ အတွက် တင်ပြ တောင်းခံလာသော ကျပ် ၉ ဒသမ ၆၈၃ ဘီလျံမှ ကျပ် ၂ ဒသမ ၆၃၅ ဘီလျံ ဖြတ်တောက်ခြင်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ငွေလုံးငွေရင်း နှင့် သာမန် သုံးငွေ တို့အတွက် တင်ပြ တောင်းခံလာသော ကျပ် ၄၃၁၆ ဒသမ ၂၁ ဘီလျံမှ ကျပ် ၂ ဒသမ ၃၂၄ ဘီလျံ ဖြတ် တောက်ခြင်းတို့ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။

ထပ်မံ တင်ပြ တောင်းခံလာသည့် သာမန်သုံးငွေ၊ ငွေလုံးငွေရင်း သုံးငွေများအား ပြည်ထောင်စု လွှတ်တော်က ဖြတ်တောက် လျှော့ချခြင်းအပေါ် စက်မှုဝန်ကြီးဌာနမှ လွဲပြီး ကာကွယ်ရေး ပညာရေးနှင့် ကျန်းမာရေး အပါအဝင် ကျန် ဝန်ကြီးဌာနအားလုံးက သဘောတူလက်ခံခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.