ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုတွင် ရေကြီးရေလျှံမှုကြောင့် လူ၂သိန်းကျော် ရေဘေးသင့်ပြီး ၃ဦးသေဆုံးခဲ့ကြောင်း ကုလမသဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)၏ ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) မြစ်ရေမြင့်တက်နေသည့် အတွက် စိုးရိမ်ရေမှတ် သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ပေါင်းတည်မြို့အတွင်း အမှိုက်ပုံ၌ ၉ မမကျည်များတွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ထောက်ခံချက်ရရှိပြီးသော ရေသန့် စက်ရုံ(၅)ရုံအား ယာယီရပ်ဆိုင်းခြင်း နှင့် စက်ရုံ (၁) ရုံအား ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း၊ ထို့အတူ ထောက်ခံချက်လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း(၁)ရုံအားလည်း ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းအရေးယူထားကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီး(မြို)ရွာ အနောက်ဘက်၌ ဒေသခံ ခြောက်ဦး အသတ်ခံပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်၏ ကျန်ရှိနေသော လေယာဉ် အစိတ်အပိုင်းများအား ထပ်မံတွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်။ သြဂုတ် ၃ ရက် (ဆင်ဟွာ) ရာသီ တုပ်ကွေး ရောဂါ Seasonal Influenza A(H1N1)pdm09ဖြစ်ပွားသူ ၁၁၀ဦးရှိပြီး သေဆုံးသူ ၁၄ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မိုးစပါး ဧက လေးသိန်းကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်း ပြည်ထောင်စု လမ်းမကြီးအား လေးလမ်းသွား နိုင်လွန်ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့် ပြီးစီးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ယနေ့ ပြည်သူ့...
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ စပါးစိုက်ပျိုးရေးကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီးက သုံးပုံတစ်ပုံ တာဝန်ယူထားသကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး၏ ၂ဝ၁၇ ခုနှစ် မိုးစပါးဧက ၃၇ သိန်းကျော် စိုက်ပျိုးရာတွင် ဖျာပုံခရိုင်သည် ၃ဝ ရာခိုင်နှုန်းကျော် တာဝန်ယူစိုက်ပျိုး မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။