Connect with us

Environment, Disasters & Accidents

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ အေးရွာကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါပြိုကျမှုဖြစ်

မြစ်ကမ်းပါးပြိုကျမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စုအေးရွာကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်း ကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျား (၅၀)ပေ၊ အနံ (၃)ပေခန့် မြစ်ကမ်းပါးထပ်မံပြိုကျမှုဖြစ်ပွားခဲ့ကြောင်းနှင့် ၎င်းကမ်းပါးပြိုကျသည့်နေရာအနီးရှိနေအိမ်နှစ်လုံးတို့အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ယင်းသို့ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရ စ္ဆာန်များထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ရွှေ့ပြောင်းသူမိသား စုဝင် စုစုပေါင်း (၁၀)ဦးတို့မှာ ၎င်းတို့၏ဆွေမျိုးများနေထိုင်ရာ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)