Connect with us

Politics, Law & Military

ကျိုင်းတုံမြို့နယ်အတွင်း ငွေကျပ်သိန်း ၆၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ နှင့် ဖမ်းဆီးရမိသူအားတွေ့ရစဉ် (ဓာတ်ပုံ-- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ကျိုင်းတုံမြို့နယ်အတွင်း ငွေကျပ်သိန်း ၆၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မြို့အဝင်ဂိတ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မ တော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့် တွင် မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ မြဝင်း(ဘ)ဦးမောင်အေး မောင်းနှင်လာသော ကရောင်းအမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN 6 J/— အား ရပ်တန့်စစ်ဆေးရာ ယာဉ် နောက်ခန်းအတွင်းမှ တစ်ထုပ်လျှင် အိုက်စ် ၁ ကီလိုဂရမ်ခန့်ပါ ၂၅၀ ထုပ်၊ စုစုပေါင်း ၂၅၀ ကီလိုဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၆၂,၅၀၀ ခန့်)၊ မြန်မာငွေကျပ်သုံးသိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရန် ကျိုင်းတုံမြို့မရဲစခန်းနှင့် မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.