Connect with us

Environment, Disasters & Accidents

လာနီညာ ရာသီဥတု ဖြစ်ရန် အလားအလာ များနေကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် ပြောကြား

မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က လာနီညာ ရာသီဥတု ဖြစ်စဉ်အား ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

လာမည့် ရာသီဥတု သဘာဝမှာ လာနီညာ ရာသီဥတု ဖြစ်ရန် အလားအလာ များနေပြီး ရာခိုင်နှုန်း အားဖြင့် ၆၅ ရာခိုင်နှုန်း အထိ ရှိနေကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆင်ဟွာ သတင်းဌာန နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ပစိဖိတ် သမုဒ္ဒရာ အရှေ့ဘက် လာနီညာ စောင့်ကြပ် ကြည့်ရှုရေး ဧရိယာ ၄ ခုတွင် ပင်လယ် ရေမျက်နှာပြင် အပူချိန်များသည် ပုံမှန်အောက် လျော့ကျနေပြီး ထိုဧရိယာ ၄ ခု အနက် ဧရိယာ ၃ ခုတွင် အနှုတ် ဝ.၅ ဒီဂရီ စင်တီဂရိတ် ကျော် ကျဆင်းနေပြီး လာနီညာ ဖြစ်ရန် အလားအလာ ၅၅ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်း အထိ ရှိနေကြောင်း ဒေါက်တာ ထွန်းလွင်က ပြောကြားခဲ့သည်။

“လာနီညာ ဖြစ်တဲ့ နှစ်တွေမှာ သတိထားရမှာက မုန်တိုင်း အန္တရာယ် ပိုမယ်။မြစ်ဝကျွန်းပေါ်ကိုလဲ ဝင်တတ် လေ့ ရှိတယ်။ဒါကြောင့် ၂၀၁၈ မိုးရာသီမှာ ဒီနှစ် ဖြစ်မယ့် လာနီညာက အားကောင်းမယ် ဆိုရင် ဆောင်းတွင်းမှာ အအေးလှိုင်း သတိထားရမယ်။လာမယ့် မိုးရာသီမှာ မုန်တိုင်း အန္တရာယ် သတိထားရမယ်။ရေကြီးမှု သတိထားရမယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

လာနီညာ ရာသီဥတု၏ အားအကောင်းဆုံး အချိန်မှာ ဒီဇင်ဘာလတွင် ဖြစ်ကြောင်း ၊ လာနီညာ စောင့်ကြပ် ကြည့်ရှုရေး ဧရိယာ ၁ နေရာ ကျန်ရှိနေသေးသည့် အတွက် လာနီညာ ရာသီဥတု ရာနှုန်းပြည့် ဖြစ်ပြီဟု ပြော၍ မရသေးကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

လာနီညာ ရာသီဥတု ဖြစ်ပေါ်ပါကလည်း မြန်မာနိုင်ငံ အပေါ် အကျိုးသက်ရောက်မှု ရှိမည်ဟု ပြော၍ မရနိုင်ကြောင်း ၊ လာနီညာ ရာသီဥတု ဖြစ်ပေါ်ရာ ဒေသသည် မြန်မာနိုင်ငံ နှင့် အလွန်ဝေးကွာပါက ဖြစ်ပြီး ယေဘူယျ အားဖြင့် အားနည်းခြင်း ၊ အားအသင့်အတင့် ဖြစ်ပေါ်ပါက မြန်မာနိုင်ငံ အပေါ် သက်ရောက်မှု မသိသာနိုင်ကြောင်း ရှင်းပြသည်။

လာနီညာ ရာသီဥတု အားကောင်းသည့် အဆင့်မှာ လာနီညာ စောင့်ကြပ် ကြည့်ရှုရေး ဧရိယာ ၄ ခုလုံးသည် ပင်လယ် ရေမျက်နှာပြင် အပူချိန်များသည် ပုံမှန်အောက် အနှုတ် ၂.၀ ဒီဂရီ စင်တီဂရိတ်ကျော် ကျဆင်းသွားပါက အားကောင်းသည့် အဆင့်ဟု ပြောနိုင်ကြောင်း သိရသည်။

“လာနီညာ အားကောင်းတယ် ဆိုရင်တော့ ဆောင်းတွင်းမှာ အအေးလှိုင်းတွေ ဖြတ်တတ် တာပေါ့။အဲဒါကတော့ လောလောဆယ် ဒီဆောင်းမှာ သတိထားရမှာပေါ့။”ဟု ဒေါက်တာ ထွန်းလွင်က ပြောကြားခဲ့သည်။

ယခုအချိန်တွင် လာနီညာ ရာသီဥတု အခြေအနေမှာ စောင့်ကြည့် အဆင့်သာ ရှိနေသေးကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

လာနီညာ ရာသီဥတု၏ အချိန်အားဖြင့် တစ်နှစ် ဖြစ်ပြီး အကျိုးသက်ရောက်မှုမှာ ဧရိယာ အားဖြင့် ကျယ်ပြန့်ပြီး ပစိဖိတ် သမုဒ္ဒရာ ဒေသ တစ်ခုလုံး ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အယ်နီညို ၊ လာနီညာ ရာသီဥတု များသည် ယခင်က ၅ နှစ်မှ ၇ နှစ် တစ်ခါ ဖြစ်ကဲ့သော်လည်း ယခုနောက်ပိုင်း ရာသီဥတု ပြောင်းလဲမှုများကြောင့် ၂ နှစ် ၊ ၃ နှစ်လျှင် တစ်ခါ ဖြစ်နေကြောင်း သိရသည်။

အယ်နီညို ၊ လာနီညာ ရာသီဥတု ဆိုသည်မှာ မြန်မာနိုင်ငံ၏ အရှေ့ဘက်ရှိ ပစိဖိတ် သမုဒ္ဒရာတွင် ဖြစ်ပွားသည့် ဖြစ်စဉ် ဖြစ်ပြီး ယခင်က ၅ နှစ်မှ ၇ နှစ် တစ်ခါ ရေစီးကြောင်းများ အပြောင်းအလဲများ ဖြစ်ရာ ပစိဖိတ် သမုဒ္ဒရာ ရေပြင်တွင် အနောက်ဘက်မှ ရေနွေးများ အရှေ့ဘက် အထိ တိုးဝင် လွှမ်းမိုး သွားပါက ထိုနှစ်အား ရေနွေး လွှမ်းမိုးသည့်နှစ် အယ်နီညို ဟု ခေါ်ပြီး ယင်းနှင့် ဆန့်ကျင်ဘက် အဖြစ် အရှေ့ဘက်မှ ရေအေးများ အနောက်ဘက် အထိ ရောက်လာ လွှမ်းမိုးသွားပါက လာနီညာ နှစ်ဟု ခေါ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.