Connect with us

Culture & Entertainment

ASEAN+3 ဆွေးနွေးပွဲမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဆိုင်ရာလိုအပ်သော ယဉ်ကျေးမှုဆိုင်ရာ သတင်းအချက်အလက်များ ထောက်ပံ့ပေးနိုင်မည်ဟုဆို

ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ဒေသများတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ၀န်ကြီးမိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ASEAN+3 နိုင်ငံများရှိ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ဒေသများတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဆိုင်ရာလိုအပ်သော ယဉ်ကျေးမှုဆိုင်ရာ သတင်းအချက်အလက်များ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ယခုစီမံကိန်းသည် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်းနှင့် မြှင့်တင်ခြင်း တို့အတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါကြောင်းနှင့် ASCC Blueprint တွင် ဖော်ပြထားသည့် အာဆီယံ ယဉ်ကျေးမှု အမွေအနှစ် များအား ကာကွယ်ထိန်းသိမ်း ခြင်းကို အကောင် အထည်ဖော်ဆောင် ရွက်ရန်အတွက် အမွေအနှစ်စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့် တင်ရာ တွင်လည်း ကူညီထောက်ပံ့မှုများ ပေး မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတစ်နိုင်ငံချင်းစီ၏ အမျိုးသားရေးဆိုင်ရာ အမွေအနှစ်များသည် လူသားတို့၏ယဉ်ကျေးမှုဆိုင်ရာ ပတ်ဝန်းကျင် တစ်ခုလုံး မတူကွဲပြားမှုများနှင့် ပေါများကြွယ်ဝမှုများကို အထောက် အပံ့ပေးနေကြောင်း၊ ကမ္ဘာတစ်ဝန်းလုံး၌ သဘာဝနှင့် လူသားတို့ကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေး အန္တရာယ်များသည် ကမ္ဘာလုံး ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် မိမိတို့၏ ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်များကို ကာကွယ်ရန်၊ ထိန်းသိမ်းရန်နှင့် မြှင့်တင်ရန်အလို့ငှာ အာဆီယံယဉ်ကျေးမှုဆိုင်ရာ အရာရှိ များနှင့် ASEAN+3 နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် စနစ်တကျ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကကြီးမှူး၍ “ASEAN+3 နိုင်ငံများရှိ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ဒေသများတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ Bagan Hotel ၌ အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပခဲ့သည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117