Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာသူများ၏ ကျေးရွာများနှင့် အိုးအိမ်စနစ်တကျ ပြန်လည်ဖွဲ့စည်းတည်ဆောက်ရေး ဆွေးနွေး

နေရပ်စွန့်ခွာသူများ၏ အိုးအိမ်စနစ်တကျ ပြန်လည်ဖွဲ့စည်းတည်ဆောက်ရေး နှင့် ပတ်သက်သော UEHRDအစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာသူများ၏ ကျေးရွာများနှင့် အိုးအိမ်စနစ်တကျ ပြန်လည်ဖွဲ့စည်းတည်ဆောက်ရေးအတွက် ပြည်ထောင်စုဝန်ကြီးနှင့် UN-HABITAT မှ Senior Human Settlements Officer ဖြစ်သူ Mr.Bruno Dercon ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များကြောင့် ရပ်ရွာစွန့်ခွာတိမ်းရှောင်နေရသော ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ဆောင်ရွက်ပေးလျက်ရှိသည့် အပြင်အဆိုပါ ပြည်သူများအတွက် အိုးအိမ်များ တည်ဆောက်နေရာချထားခြင်းကိုလည်း စတင်ဆောင် ရွက်လျက်ရှိ ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

တိုင်းရင်းသားကျေးရွာများကို စုစည်း၍ ပြန်လည် တည်ဆောက်ပေးခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ရခိုင် ပြည်နယ် အစိုးရအဖွဲ့ အပါအဝင် ဆက်စပ်ဝန်ကြီးဌာနများ၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၊ စေတနာရှင် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပူးပေါင်း၍ ဆောင် ရွက်နေကြောင်း၊ မီးလောင်ပျက်စီး သွားသော တိုင်းရင်းသားနှင့် မွတ်ဆလင်များ၏ ကျေးရွာများကိုပြန်လည်တည်ဆောက်ရာတွင် ကျေးရွာ အင်္ဂါရပ်နှင့် ညီညွတ်သော ဖွဲ့စည်းတည်ဆောက်မှုနှင့် ဖွံဖြိုးတိုးတက်မှုကို အထောက်အကူပြုသော ဖွဲ့စည်းတည်ဆောက်မှုမျိုး ဖြစ်စေရန် ယခုကဲ့သို့ UN-HABITAT အဖွဲ့အစည်းကို ဖိတ်ခေါ် တွေ့ဆုံ ဆွေးနွေးရခြင်း ဖြစ်ကြောင်း ၎င်းဆိုသည်။

UEHRD၏ အဓိကရည်ရွယ်ချက်များဖြစ်သော လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေး လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် အချိန်ကာလအလိုက် ထိရောက်စွာ အကောင်အထည် ဖော်ဆောင် ရွက်နိုင်စေရန် ရည်ရွယ်၍ UEHRD ဒုတိယဥက္ကဌ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖေါ်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် အောက်တိုဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် UN-HABITAT မှ Senior Human Settlements Officer ဖြစ်သူ Mr.Bruno Dercon ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ ကျေးရွာအိုးအိမ်များ ဖွဲ့စည်းတည်ဆောက်ရေး အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.