ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့၏အရှေ့ဘက် ၃၁ မိုင်ခန့်အကွာ၊ သံလွင်မြစ်ကူးတံတား(တာဆန်း)ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ငွေကျပ်သိန်း ၂၉,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သော သဝဏ်လွှာပါ ကုန်စည်အချို့ အပေါ်တွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ကင်လွတ်ခွင့်ပြုရေး နှင့် ပတ်သက်ပြီး ရွှေစင်၊ ရွှေတုံးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် နှင့် စိန် နှင့် မြတို့အား အထူးကုန်စည်ခွန် ကောက်ခံခြင်းမှ...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ဆန်ရိက္ခာနှင့် အခြားထောက်ပံ့ ပစ္စည်းများအတွက် စုစုပေါင်း သိန်း၁၇၀၀၀ကျော် ထောက်ပံ့ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင် ရေဘေးကြောင့် လူဦးရေ တစ်သိန်းကျော် ရေဘေးသင့်နေရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လက်နက်များဖမ်းဆီးရမိမှုနှင့် ဆက်စပ်သော တရားခံနှစ်ဦးကို ထပ်မံ ဖမ်းဆီးရမိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ကျောင်း ၁၇၆ကျောင်း ယာယီပိတ်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် အမ်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်း ရေကျော်မှုကြောင့် လမ်းများပိတ်ဆို့နေပြီး ကုန်တင်ယာဉ် အစီးရေ ၁ဝဝ ကျော် ပိတ်မိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) စားသုံးရန်မသင့်သော အစားအသောက်များ နှင့် ပတ်သက်၍ အများပြည်သူစားသုံးရန် သင့်မသင့်အား စိစစ်လျက်ရှိရာ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဝယ်ယူစစ်ဆေးရာ အစားအသောက် ၁၇ မျိုး သည် ခွင့်မပြုဆေးဝါးများ ပါရှိခြင်းကြောင့် စားသုံးရန်မသင့် ကြောင်း ကျန်းမာရေး နှင့်...
နေပြည်တော်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) အင်္ဂလိပ်ဘာသာဖြင့် ပြဌာန်းထားသည့် တည်ဆဲ ဥပဒေ ၁၃၇ ခုတို့ကို မြန်မာဘာသာသို့ ပြန်ဆို နိုင်ရန် စီစဉ်လျက် ရှိကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သည်။