Connect with us

Politics, Law & Military

မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ် ထွက်ပေါ်ပြီဟု ဆို

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုး အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမျိုးသား မူးယစ်ဆေးဝါး မူဝါဒသစ်တစ်ရပ် ထွက်ပေါ်သည့် အဆင့်သို့ရောက်ရှိပြီဖြစ်ကြောင်း မူဝါဒ ရေးဆွဲရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါး အခြေအနေတွေ၊ အနာဂတ်မှာ ဖြစ်လာနိုင်ဖွယ် ရှိတဲ့ စိန်ခေါ်မှုတွေ၊ တည်ဆဲ ဥပဒေများနဲ့ အခြေခံ မူများအပေါ် ဘက်ပေါင်းစုံက လေ့လာ သုံးသပ်ပြီး မူဝါဒကောင်းတစ်ရပ် ပေါ်ထွက်လာရေး ဆောင်ရွက်ခဲ့ရာမှာ အခုဆိုရင် မူဝါဒသစ်တစ်ရပ် ထွက်ပေါ် လာ တဲ့ အဆင့်ကို ရောက်ရှိလာပြီဖြစ်ပါတယ်” ဟု နေပြည်တော် Kempinski Hotel တွင် ယနေ့ နံနက် ပြုလုပ်သော ဒုတိယအကြိမ် အစိုးရဌာန များအတွင်း အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ် ရေးဆွဲရေး ဆိုင်ရာ ဆွေးနွေးပွဲ (The 2nd Inter-governmental Consultation on National Drug Control Policy) ၌ ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ဆွေးနွေးပွဲ တွင် ရဲမှူးကြီး ဇော်လင်းထွန်းက မီဒီယာ မေးမြန်းချက်များအား ဖြေကြားစဉ် (ဆင်ဟွာ)

ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ အမှတ်တရဓာတ်ပုံရိုက်ကူးထားစဉ် (ဆင်ဟွာ)

အဆိုပါ ပေါ်ထွက်လာသည့် အမျိုးသား မူးယစ်ဆေးဝါး မူဝါဒသစ်အား ကျွမ်းကျင်ပညာရှင်များက ပြန်လည်သုံးသပ်ပြီး မူဝါဒကဏ္ဍ နယ်မြေအလိုက် ရှင်းလင်းတင်ပြခြင်းများကို ယနေ့ အစည်းအဝေးက ဆောင်ရွက် ကြဖြစ်ကြောင်း၊ ယနေ့ တက်ရောက်လာသည့် ကိုယ်စားလှယ်များနေဖြင့် ပြင်ဆင် ဖြည့်စွက် အကြံပြုလိုသည့် အချက်များ ရှိပါက ပါဝင် ဆွေးနွေး အကြံပြုပေးကြဖို့ ဖိတ်ခေါ်ပါကြောင်း လည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

“ဒီ မူဝါဒအသစ်ကို ၂၀၁၇ ခုနှစ် အကုန်လောက်မှာ စပြီးတော့ launch လုပ်မှာ- စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ အဲဒါပြီးရင်တော့ ကျွန်တော်တို့ နှစ်နှစ်စာ Action Plan တစ်ခု ဆွဲပြီး တစ်နိုင်ငံလုံးမှာ ဆောင်ရွက်သွားပါမယ်” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ ့၊ စီမံကိန်းဌာန ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက ဆွေးနွေးပွဲ ခေတ္တ နားချိန်တွင် မီဒီယာများကို ဖြေကြားခဲ့သည်။

ထိုဆွေးနွေးပွဲသို့ ဆက်စပ်ဝန်ကြီးဌာနများမှ မူဝါဒ ရေးဆွဲရေး ကော်မတီဝင်များ၊ ကျွမ်းကျင် ပညာ ရှင်များ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မူခင်းများ ဆိုင်ရာ ရုံး (UNODC) မှ ကိုယ်စားလှယ်များ၊ မူးယစ် ဗဟိုအဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြပြီး နေ့လယ် ၂ း ၀၀ နာရီအထိ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၌ ၂၄ နှစ်တိုင် ကျင့်သုံးခဲ့ပြီး လက်ရှိ တည်ဆဲ ဥပဒေဖြစ်သည့် “၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ” ကို ပြောင်းလဲလာသည့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ဆောင် ရောင်းဝယ်မှု၊ သုံးစွဲမှု ပုံစံများပေါ်တွင် အခြေခံလျက် ခေတ် စနစ်နှင့် လျော်ညီစေရန် ပြင်ဆင်လိုက်သည့် “မူးယစ် ဆေးဝါး ဥပဒေ မူကြမ်း” အား အမျိုးသား လွှတ်တော်တွင် အတည်ပြုပြီး၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.