Connect with us

Social

ဧရာဝတီမြစ် ၏ မြစ်ကျဉ်း နှစ်ခုကြား မြစ်ကြောတစ်လျှောက်ကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဧရိယာအဖြစ် တိုးချဲ့သွားမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာကို ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းနှင့် တတိယ မြစ်ကျဉ်းကြား မလယ်မှ ရွှေကူကြား ကီလိုမီတာ ၂၀၀ အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ထံမှ သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ပူးပေါင်း၍ ဧရာဝတီလင်းပိုင် ကောင်ရေ စစ်တမ်းကောက်ယူမှုကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှ၁၆ ရက်အထိ မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ပြုလုပ်ခဲ့ရာ၆၉ ကောင်ရှိသည်ကို မှတ်တမ်းတင်အတည်ပြုနိုင်ကြောင်း သိရသည်။

သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ၏ ဗန်းမော်နှင့် မန္တလေးကြား ဧရာဝတီ လင်းပိုင်စစ်တမ်းကောက် ယူမှုအရ ၂၀၁၄ ခုနှစ်တွင် ၆၃ ကောင်၊ ၂၀၁၅ ခုနှစ်တွင်၅၈ ကောင်နှင့် ၂၀၁၆ ခုနှစ်တွင် ၆၅ ကောင်ရှိပြီး ၂၀၁၆ ခုနှစ်အတွင်း သေဆုံးသွားသော လင်းပိုင်ကောင်ရေ သုံးကောင်ရှိပြီး လက်ရှိတွင် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းမှုဧရိယာသည် ၇၄ ကီလိုမီတာရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.