Connect with us

Politics, Law & Military

ARSA အစွန်းရောက်အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၃ ဦးရှိ

ARSA အစွန်းရောက်အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ပျောက်ဆုံး/သေဆုံးစာရင်းအား တွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၃ ဦးရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်နေ့မှ စတင်၍ စက်တင်ဘာ ၂၆ ရက်နေ့အထိ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၃ဦး၊ ပျောက်ဆုံး နေသူ ၉၁ဦး၊ စုစုပေါင်း ဆုံးရှုံးမှု (သေဆုံး/ပျောက်ဆုံး) ၂၅၄ ဦး ရှိကြောင်း သိရှိရသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ထိ အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာကြည့်တိုက်မှူး၊ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများ အပါအဝင် ၇၉ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ပြည်သူ ၃၇ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ ထိုနေ့မှ စက်တင်ဘာ ၂၆ ရက် ယနေ့အထိ သေဆုံးခဲ့သည့် ဟိန္ဒူဘာသာဝင်များ၊ ရခိုင်တိုင်းရင်းသားများ၊ ဒိုင်းနက်၊ မြို၊ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများ အပါအဝင် ၈၄ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ပြည်သူး ၅၄ ဦး ပျောက်ဆုံးခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.