ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ရာသီ တုပ်ကွေး ရောဂါပိုး ထပ်မံ တွေ့ရှိသူ နှစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ယနေ့ဇူလိုင် ၂၅ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ စက်လှေနစ်မြုပ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် မိုးစပါး စိုက်ဧက ၁၉၀၅၁ ဧက ရေနစ်မြုပ်ပြီး စာသင်ကျောင်း ၁၀ ကျောင်း ယာယီ ပိတ်ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) စာသင်ကျောင်းများအတွင်း ဧရာဝတီမြစ်ရေများ ဝင်ရောက်လာမှုကြောင့် သွားလာမှု ခက်ခဲပြီး အန္တရာယ်ရှိလာနိုင်ခြင်း၊ အခြေခံပညာကျောင်း အချို့ ရေကြီးနစ်မြုပ်မှုများရှိလာခြင်း၊ သဘာဝ ဘေးအန္တရာယ်အခြေအနေများကြောင့် ဇူလိုင် ၂၃ ရက်ထိ အခြေခံပညာမူလတန်းကျောင်း ၁၄ ကျောင်း ယာယီ ပိတ်ထားခဲ့ရာမှ ဇူလိုင် ၂၄...
ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ပြည်သူလူထု အနေဖြင့် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009) နှင့် ပတ်သတ်၍ အလွန်တရာ ကြောက်ရွံ့စရာ မလိုဘဲ ထိရောက်စွာ ကိုင်တွယ် ကုသပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ယနေ့ဇူလိုင် ၂၄...
ရန်ကုန်၊ ဇူလိုင ၂၄ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)တို့သည် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် NCA လက်မှတ်ရေး ထိုးရေး၊ နေရပ်စွန့်ခွာတိမ်းရှောင်နေကြသူများ အရေးကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009)သည် ရန်ကုန်တိုင်းဒေသကြီးတွင် သုံးဦး၊ ချင်းပြည်နယ် မတူပီမြို့တွင် ၁၀ဦးဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖမ်းဆီးထားသော တရားခံ ၃၁ဦးအား အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်မှုရှိမရှိ စစ်ဆေးဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းသဖြင့် မယ်ဟုတ်ချောင်းနှင့် ပုံပါချောင်း ရေကြီးရေလျှံမှုကြောင့် မိုင်းဟဲကျေးရွာအုပ်စုရှိ လယ်မြေ စုစုပေါင်း ၃၀၇ ဧကကျော် ရေလွှမ်းမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇွန်လ ၂၉ ရက် မှစ၍ ဇူလိုင် ၂၂ ရက်အထိ မြဝတီ နယ်စပ်ဂိတ်မှ ၃၃၇၃၉ ဦး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ၄၉၂၀ ဦး စုစုပေါင်း ၃၈၆၅၉...