Connect with us

Politics, Law & Military

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်းမည်


နေပြည်တော်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

၁၉၉၃ ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်ထားသည့် ကလေးသူငယ်များဆိုင်ရာ ဥပဒေကြမ်းအား ယခု ပြန်လည်စတင်မည့် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ယနေ့ ပြောကြားသည်။

“ဥပဒေနဲ့အပြစ်ပေးတာနဲ့စာရင် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် ပိုကောင်း ပါတယ်၊ ကလေးသူငယ်ပဲဖြစ်ဖြစ် အမျိုးသမီးတွေအတွက်ပဲဖြစ်ဖြစ် ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ဖို့ လိုတာပေါ့၊ အဲ့ဒီအတွက် ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ ဥပဒေ ကြမ်းကိုရေးဆွဲနေတာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပါပြီ၊၊ အဲ့ဒါကိုလည်း အခုပြန်လည် စတင်မယ့် လွှတ်တော် အစည်းအဝေးမှာ တင်ပြသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေး အဖွင့် မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

ယနေ့နံနက် ပိုင်းက နေပြည်တော်၊ သင်္ဂဟ ဟိုတယ်တွင်ပြုလုပ်သည့် စေတနာ့ဝန်ထမ်း အဖွဲ့ အစည်း တည်ထောင်ခွင့်ပြုမိန် ့မှတ်ပုံတင်ရေး၊ ထောက်ပံ့ရေး လုပ်ငန်းလမ်းညွှန်နှင့် ဂေဟာ သင် တန်းကျောင်းများတွင် အနိမ့်ဆုံး ရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်း ဆိုင်ရာ စံချိန်စံညွှန်းများ စာအုပ်မိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနား ခေတ္တ ရပ်နားစဉ် မီဒီယာများသို့ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပြင်ဆင်ခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း၌ ပြစ်မှုပြစ်ဒဏ်များ ထည့်သွင်းထားသည့်အတွက် ယင်းဥပဒေ ထွက်ပေါ်လာပါက ကလေးသူငယ်များနှင့်ပတ်သက်သည့် အကြောင်းအမျိုးမျိုးသော အမှုအခင်းများ ဆက်စပ်ပတ်သက်နေသည့် အခြေခံအကြောင်းရင်းတို့ကို ဥပဒေအရ ကိုင်တွယ် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ကလေးသူငယ် များရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရန် ဆောင်ရွက်ပေးနိုင်ရန်အတွက် တာဝန်ရှိသည့် အစိုးရဌာန အနေဖြင့် ဥပဒေ ထုတ်ပြန်ခြင်း၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန့်ကြားချက် ထုတ်ပြန်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၌ ပါဝင်လက်မှတ် ရေးထိုးပြီးဖြစ်သည့် နိုင်ငံတစ်ခုဖြစ်၍ ယခုကဲ့သို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ပြုလုပ်ခဲ့သည့် အခမ်းအနားနှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ်က ဆက်လက် ပြောကြားသည်။ (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.