Connect with us

Sport

ယူ၁၆ ခြေစစ်ပွဲတွင် တရုတ် အသင်း မြန်မာအသင်းကို ၂-၁ ဂိုး ဖြင့်အနိုင်ရ

တရုတ်ယူ-၁၆ဘောလုံးအသင်း မြန်မာဘက်သို့ ဂိုးသွင်းပြီအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာရှဘောလုံးအဖွဲ့ ချုပ်ယူ- ၁၆ ခြေစစ်ပွဲ တွင် တရုတ်အသင်းသည် မြန်မာအသင်း ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ခြေစစ်ပွဲ များကိုသုဝဏ္ဏအားကစားကွင်းတွင် ယနေ့ မွန်းလွဲ ၃ နာရီ၌ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။ပထမပွဲ၌ တောင်ကိုရီးယား ယူ-၁၆ အသင်း က ဖိလစ်ပိုင် ယူ-၁၆ အသင်းကို ရှစ်ဂိုး-ဂိုးမရှိ ဖြင့်အနိုင်ရရှိသွားသည်။

တရုတ်ယူ-၁၆ နှင့်မြန်မာ ယူ-၁၆ အသင်းတို့ ညနေ ၆ နာရီတွင်ကစားခဲ့ကြရာတရုတ် အသင်းမှ ၅၈ မိနစ် နှင့်၇၆ မိနစ်တွင် ဂိုး နှစ်ဂိုး သွင်းခဲ့ပြီး မြန်မာအသင်းမှ ၈၇ မိနစ် တွင် ချေပဂိုးတစ်ဂိုးသွင်းခဲ့ကာ အနိုင်ရသွားခြင်းဖြစ်သည်။မစ္စတာလူဂျွန်ေ၀ Liu Jun Wei ( တရုတ် ယူ-၁၆ နည်းပြချုပ်) က “ပြိုင်ပွဲရဲ့ ထုံးစံအတိုင်း ပွဲဦးထွက်ပွဲစဉ်က ခက်ခဲခဲ့ပါတယ်။ မြန်မာလို အိမ်ရှင်အသင်းနဲ့ ကစားရတာဖြစ်တဲ့အတွက် ပိုပြီး ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တရစပ် တိုက်စစ်ဆင်ပြီး ကစားနိုင်ခဲ့သလို ဘောလုံးကျွမ်းကျင်မှု၊ လျင်မြန်မှု၊ အသင်းလိုက်ကစားအားကောင်းကောင်းနဲ့ ကစားသွားတာပါ။ ပထမပိုင်းမှာ ရသင့်ရထိုက်တဲ့ဂိုးတွေ မရသလို သေချာပေါက် ဂိုးတိုင်ထိခဲ့ရတဲ့အထိ ကံခေခဲ့ရလို့ပါ။

မန်မာယူ-၁၆ အသင်း တရုတ်ယူ- ၁၆အသင်းဘက်သို့ဂိုးသွင်းပြီအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

တရုတ်ယူ-၁၆အသင်းနှင့် မြန်မာယူ၁၆ အသင်းတို့ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

တရုတ်ယူ-၁၆အသင်းနှင့် မြန်မာယူ၁၆ အသင်းတို့ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ကျွန်တော်တို့ အနေနဲ့ လက်ကျန် (၂) ပွဲ ရှိနေသေးတာကြောင့် အုပ်စုတက်ဖို့ အာမခံချက် မရှိသေးပါဘူး။ ဘောလုံးဟာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။” ဟုပြောသည်။ဦးညီညီလတ် (မြန်မာ ယူ-၁၆ နည်းပြချုပ်) က “ကျွန်တော်တို့အနေနဲ့ တရုတ်အသင်းကို ရှိသမျှအင်အားနဲ့ အကောင်းဆုံး ရင်ဆိုင်ခဲ့တယ်။ ရှုံးနိမ့်ခဲ့ပေမယ့် မြန်မာအသင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့စွမ်းဆောင်ရည်ကို အားလုံး မြင်တွေ့ကြပြီး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့်ကစားသမားတွေရဲ့ ဒီနေ့ပွဲ ခြေစွမ်းကို သံသယမရှိပါဘူး။ကျွန်တော်တို့အသင်း ပိုပြီး ကောင်းလာဖို့ဆိုရင် နိုင်ငံတကာပွဲ များများ ကစားပေးဖို့ လိုပါလိမ့်မယ်”ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.