နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ပြည်သူကို ဦးဆောင်ပြီး တိုင်းပြည်ကို ထိထိရောက်ရောက် တည်ဆောက်နိုင်ကြရန် ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရေးအတွက် ကြိုးပမ်းကြရန် အငြိမ်းစား သမ္မတ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင် ကော်မတီ နာယက ဦးသိန်းစိန်က ယနေ့ညနေပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဗဟို...
ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံနှစ်ထောင်ထား ရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြလမ်းများ သန့်ရှင်းရေးဆောင်ရွက်ရာတွင် သန့်ရှင်း ရေးယာဉ်များ စတင်အသုံးပြုသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသို့အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ် INS KUTHAR သည် ၃ ရက်ကြာ ချစ်ကြည်ရေး ခရီး လည်ပတ်ရန် ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ...
ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်လိုင်စင်မဲ့ယာဉ်များ အသုံးပြုမှုကို ပြဋ္ဌာန်းဥပဒေများနှင့်အညီ ထိရောက်စွာ စစ်ဆေးအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေး ကြေညာချက်အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) အာဟာရဖွံ့ဖြိုးမှုနှင့် ပတ်သက်သော သုတေသန လုပ်ဆောင်ထားခြင်းမရှိသေးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ပြည်သာယာခန်းမ၌ကျင်းပသည့် အမျိုးသား အာဟာရဆိုင်ရာ မဟာဗျူဟာနှင့် ပတ်သက်သည့် ဝန်ကြီး ဌာနများအကြား ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးတွင် နိုင်ငံတော်...
ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ MIP ဆိပ်ကမ်းဝင်း၌ ကုန်သေတ္တာအတွင်း တရားမဝင်ကျွန်းသစ်ခွဲသားများ ထည့်၍ ပြည်ပသို့ တင်ပို့ရန် လုပ်ဆောင်သူများကို ဖမ်းဆီးစစ်ဆေးမိရာ ဥပဒေအရအရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါ ဆိပ်ကမ်းဝင်းအတွင်းရှိ ကုန်သေတ္တာအမှတ် MAGU 2266355 နှင့်...
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်များကို ညပိုင်းသာ ပြေးဆွဲခွင့်ပြုခဲ့ပြီးနောက်ပိုင်း ပြည်ပသို့ တင်ပို့နေသော ရေထွက်ကုန်ပစ္စည်းများ အခက်အခဲဖြစ်ပေါ်နေသဖြင့် ယင်းကုန်တင်ယာဉ်များကို နေ့ပိုင်းမြို့တွင်း ပြေးဆွဲခွင့်ပြုထားကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်သူများ နှင့်ပို့ကုန် လုပ်ငန်းရှင် များအသင်းထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) စွမ်းအင်ကဏ္ဍတိုးတက်ရေးအတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် အမေရိကန် ပြည်ထောင်စုအခြေစိုက် ဂျန်နရယ်အီလက်ထရစ်ကုမ္ပဏီ(General Electric – GE)မှ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဂျွန်ဂျီရိုက်စ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေပြည်တော် သမ္မတ အိမ်တော်၌ တွေ့ဆုံဆွေးနွေးကြသည်။