Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီးရှိ ၂၄ မြို့နယ်တွင် ၄၆ ရက်အတွင်း သဘာဝဘေးဒဏ်ခံစားခဲ့ရ

သွပ်အမိုးများ ကွာကျမှုအား ပြန်လည်ပြင်ဆင်မှုပြုလုပ်စဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း သဘာဝဘေးဒဏ်ဖြစ်ပွားသည့် အခြေ အနေသည် မတ်၂၅ ရက်မှ မေ ၁၁ ရက်အထိ ၄၆ ရက် အတွင်း မြို့နယ် ၃၇ မြို့နယ်ရှိသည့်အနက်မှ ၂၄ မြို့ နယ်တွင် သဘာဝဘေးဒဏ် ခံခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်ဖြစ်ပွားတဲ့ အခြေ အနေက မတ် ၂၅ ရက်မှ မေ ၁၁ ရက် အထိ မြို့နယ်ပေါင်း ၃၇ မြို့နယ်ထဲက၂၄ မြို့နယ်မှာ သဘာဝဘေးဒဏ်ခံခဲ့ရပြီး လေဘေးသင့် အိမ်ထောင်စု ပေါင်း၂၄ဝဝ ကျော်ရှိပြီး အစိုးရကနေ ငွေကျပ် သိန်း ၁၇ဝဝ နီးပါး ထောက်ပံ့ ပေးပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းကပြောသည်။

ယခင်နှစ်များက အကူအညီလိုအပ် သောဒေသများသို့ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် အပျက် အစီးမရှိဘဲ ကူညီထောက်ပံ့ပေးရသူ များရှိ သလို အမှန်တကယ်ပျက်စီးခဲ့ပြီး ထောက်ပံ့မှုမရသူများလည်း ရှိနေရာ ယခုနှစ်တွင် အပျက်အစီးစာရင်းနှင့် ကူညီထောက်ပံ့ပေးရမည့်သူ စာရင်း မှန်မှန်ကန်ကန်တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.