Connect with us

Environment, Disasters & Accidents

သဘာဝ ဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့မှုနှုန်းထားများ တိုးမြှင့်

သဘာဝ ဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့မှုနှုန်းထားများ(ဓာတ်ပုံ- Relief and Resettlement Department - Myanmar)

ရန်ကုန် ၊ မေ ၁၄ ရက်(ဆင်ဟွာ)

သဘာဝ ဘေးသင့် ပြည်သူများ လတ်တလော စားဝတ်နေရေး သက်သာ ချောင်ချိစေရေး အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တိုးမြှင့် ထောက်ပံ့မည့် အစီအစဉ်များအား ပြည်သူများ သိရှိနိုင်ရန် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ခဲ့သည်။

ဘေးသင့် ပြည်သူများ အတွက် ထောက်ပံံ့မှု နှုန်းထားများအား သဘာ၀ ဘေးအန္တရာယ်များကြောင့် သေဆုံးပါက ယခင် ကျပ် ၁ သိန်းမှ ၃ သိန်း တိုးမြှင့် ထောက်ပံ့ပြီး ဆေးရုံတက် ဒဏ်ရာရ လူနာအား ယခင် ၁ သောင်းမှ ၃ သောင်း ထောက်ပံ့ရာမှ ၅ သောင်း တိုးမြှင့် ထောက်ပံ့ကြောင်း သိရသည်။

အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ရာတွင် မီးဘေးကြောင့် အိမ်(တိုက်/သွပ်မိုး+ပျဉ်ခင်း) လုံးဝပျက်စီးပါက ယခင် ၁ သိန်းမှ ၂ သိန်း ထောက်ပံ့ရာမှ ၂ သိန်းကျပ် လည်းကောင်း ၊ အိမ် (ဓနိ/သွပ်မိုး+ထရံကာ) လုံးဝပျက်စီးပါက ယခင် ၅ သောင်းကျပ် မှ ၁ သိန်း အဖြစ် လည်းကောင်း ၊ ဘာသာရေးကျောင်း လုံးဝပျက်စီးပါက ယခင် ကျပ် ၂ သိန်းမှ ၃ သိန်း အဖြစ် လည်းကောင်း ၊ အိမ်/ဘာသာရေးကျောင်း တစ်စိတ်တစ်ပိုင်း ပျက်စီးပါက ယခင် ၂ သောင်း မှ ပျက်စီးမှု အခြေအနေပေါ် မှုတည်၍ ၁ သောင်းမှ ၁ သိန်း အဖြစ် လည်းကောင်း ၊ မီးတား ကြိုတင်ဖျက်သိမ်းအဖြစ် လုံးဝပျက်စီးပါက ယခင် ကျပ် ၂ သောင်းမှ ၁ သိန်း အဖြစ် လည်းကောင်း ထို့အတူ အခြားဘေးကြောင့် ပျက်စီးမှု အခြေအနေအလိုက် ထောက်ပံ့ကြေးများအား တိုးမြှင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဆန်ရိက္ခာဖိုး ထောက်ပံ့ခြင်း ၊ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ခြင်းများအား ယခင် ထောက်ပံ့မှု အခြေအနေထက် တိုးမြှင့် ထောက်ပံ့မှု အခြေအနေများအား ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.