Connect with us

Sport

အာဆီယံ ယူ-၁၅ အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်မည်

မြန်မာအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

အာဆီယံ ယူ-၁၅ အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မလေးရှားအသင်း နှင့် မေလ ၁၆ ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ သတင်းထုတ်ပြန်သည်။

မြန်မာ ယူ-၁၅ အမျိုးသမီး အသင်းသည် အာဆီယံ ယူ-၁၅ အမျိုးသမီး ပြိုင်ပွဲ၏ တတိယမြောက် ပွဲစဉ်တွင် ဗီယက်နမ် အသင်းကိုအနိုင်ယူပြီး အုပ်စု ဒုတိယနေရာကို ပြန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ထိုပွဲစဉ်တွင် ဗီယက်နမ် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် နှစ်ပွဲနိုင် တစ်ပွဲရှုံးကာ ရမှတ် ခြောက်မှတ်နှင့် အမှတ်ပေးဇယား ဒုတိယနေရာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အချိန်တွင် အမှတ်ပေးဇယား၏ ထိပ်ဆုံးတွင် ထိုင်းအသင်းက ရမှတ် ၉ မှတ် နှင့် ဦးဆောင်နေပြီး လာအိုအသင်းက ရမှတ် ၃ မှတ်ရရှိနေခဲ့ကာ ဗီယက်နမ်အသင်းနှင့် မလေးရှားအသင်းက ရမှတ် မရရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.