ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း အမှတ် ၄မိုင် ၁ဖာလုံ နှင့် ၂ဖာလုံ ကြားတွင် ယနေ့ နံနက် ၈နာရီခွဲတွင် ပုဂံဘုရားဖူးယာဉ် မီးလောင်ပြီး ၈ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်အတွင်းရှိ အကွီစားသောက်ဆိုင်တွင်ဇန်နဝါရီလ ၂၁ ရက်နံနက် ၀၄း၃၅အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးခိုးမွှန်၍ လူ ၅ ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်သိန်းကြည်က ဆင်ဟွာကိုပြောသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းကဖြစ်ပေါ်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခံရမှုများအပေါ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီက ပြင်းထန်စွာရှုတ်ချကြောင်း ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ ယနေ့ ဇန်နဝါရီ ၂၀ရက်နေ့တွင် ရောက်ရှိလာသော ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး The Rt. Hon. Boris Johnson၏ တရားဝင်ခရီးစဉ်အတွင်း မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ကြူပန်းကျေးရွာ အနီးတွင် ယနေ့ ဇန်နဝါရီ ၂၀ရက်နေ့ နံနက် ၉နာရီခန့်က ရီမုမိုင်း ၇လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၁၆ ရက်နေ့က ပြောင်းလဲပြေးဆွဲခဲ့သော YBSစနစ်အတွက် ကားအစီးရေ ၁၀၀၀နီးပါး ထပ်မံဝယ်ယူရန် အစီစဉ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ”မနေ့က အစည်းအဝေးဆုံးဖြတ်ချက်အရ ယာဉ်အစီးရေ ၁ဝဝဝ လောက်ကို ဝန်ကြီးချုပ်က ဝယ်ဖို့ရှိပါတယ်။ လောလောလတ်လတ်...
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပ မည့် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ်ကို ပြည်ထောင်စုငြိမ်းချမ်းရေးနှစ် အဖြစ်သတ်မှတ်ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူပါဝင်လျက် အရှိန်မြှင့်တင်ဆောင်ရွက် ရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော် MICC 2 ခန်းမမှာ ပြည်ထောင်စုငြိမ်းချမ်းရေးနှစ် ၂၀၁၇၊ ငြိမ်းချမ်းရေးစည်တော်သံ အနုပညာပွဲခင်းသာကို၂၀၁၇ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ် (MTF) ၏ တရားဝင်မိတ်ဖက် အဖွဲ့ အစည်းဖြစ်သော Travel Support ကုမ္ပဏီ လီမိတက်မှ နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှုပြပွဲ (မြန်မာ) ၂ဝ၁၇ (International Tourism Expo , Myanmar 2017...
ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ခေါင်းဆောင်များပါဝင်သည့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ကို ယနေ့ ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။