Connect with us

Politics, Law & Military

ဘဏ်ကောလာဟလဖြစ်သည့် အတွက် ပြည်သူများမစိုးရိမ်ရန် ဗဟိုဘဏ်မှ တာဝန်ရှိသူပြောကြား

ဘဏ်တစ်ခုတွင် ငွေရေတွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

ဘဏ်တစ်ခုအခက်အခဲကြုံလာပါက လိုအပ်ချက်ငွေကို အကန့်အသတ်မရှိ ထုတ်ပေးနိုင်ရန် ဗဟိုဘဏ်အနေဖြင့် အမြဲတမ်းအဆင်သင့်ပြင်ဆင်ထားသည့် အတွက် ပြင်ပတွင် ဖြစ်ပေါ်နေသည့် ဘဏ်တစ်ခုမှ ငွေမထုတ်ပေးနိုင်သည့်ကိစ္စ နှင့် ပတ်သက်ပြီး ကောလာဟလ သာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မစိုးရိမ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဆင်ဟွာကိုပြောသည်။

ဦးဝင်းသော်က “အမှန်ကတော့ အွန်လိုင်းမှာ ပြန့်နေတဲ့ ဘဏ်သတင်းက ကောလာဟလပါ။ မနေ့ကတကယ့်ဖြစ်စဉ်က အင်တာနက်လိုင်းကျသွားခဲ့တာပါ။ အဲ့ဒီ့ မှာ တစ်ဖက်ကငွေလွှဲတာ အင်တာနက်လိုင်းကျသွားမှုကြောင့် မရောက်တဲ့အတွက် ငွေထုတ်မပေးတဲ့ အခါ လူအုံသွားပြီး ကောလာဟလ ဖြစ်သွားခဲ့တာပါ’’ ဟုပြောသည်။

ပုဂ္ဂလိကဘဏ်အားလုံးချေးငွေမည်မျှချေးရန်၊ လက်ကျန်ငွေမည်မျှထားရန်၊ ငွေထုတ်ရန် စသဖြင့် စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်များရှိပြီးဖြစ်ကြောင်း၊ ဘဏ်တစ်ခုအနေဖြင့် ငွေထုတ်သူအရမ်းများသွားသည့် အချိန်တွင် အခက်အခဲဖြစ်ပါက ဗဟိုဘဏ်သို့ သတင်းပို့သည့်အချိန်တွင် ဗဟိုဘဏ်အနေဖြင့် အကန့်အသတ်မရှိ ထုတ်ပေးရန်အသင့်ရှိကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

ဦးဝင်းသော်က “အရင်တုန်းကလည်း ဘဏ်တစ်ခုကောလာဟလဖြစ်ခဲ့ဖူးတယ်။ငွေတွေဝိုင်းထုတ်ကြတဲ့ အချိန် လိုသလောက်ငွေရသွားတော့ ပြည်သူတွေ ဆက်မထုတ်ကြတော့ဘူး။ ဒါကြောင့် ဘဏ်နဲ့ ပတ်သက်ပြီး ငွေထုတ်မရမှာ ပြည်သူများစိုးရိမ်ကြောင့်ကျ မဖြစ်ကြဖို့ ထပ်ပြီးပြောချင်ပါတယ်’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.