Connect with us

Science & Technology

သထုံတွင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်လျက်ရှိ

သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံ ဓာတ်အားပေးစက်ရုံဝင်းအတွင်း ကမ္ဘာဘဏ်ချေးငွေ ဒေါ်လာ သန်း ၁၄၀ ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏ ၁၁၈.၉ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံ တစ်ရုံကို တည်ဆောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

သထုံသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် လေထုထဲသို့ ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏ၊ ဆူညံသံထုတ်လွှတ်မှု အဆင့်တို့ကို ကမ္ဘာ့ဘဏ်၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားပြီး စက်ရုံမှ ထွက်သည့် ရေဆိုး၊ ရေညစ်များကို ရေသန့်စင်စက်ဖြင့် ပြန်လည်သန့်စင်ကာ ထွက်လာသည့် ရေသန့်များကို စက်ရုံအတွင်း ပြန်လည် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

စက်ရုံတွင် ပြင်သစ်နိုင်ငံထုတ် ဓါတ်ငွေ့တာဘိုင် နှစ်လုံး၊ တရုတ်နိုင်ငံထုတ် ဘွိုင်လာ နှစ်လုံးနှင့် ရေနွေး ငွေ့တာဘိုင် တစ်လုံးတို့ကို တပ်ဆင် သွားမည်ဖြစ်ပြီး စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှု ၁၁၈.၉ မဂ္ဂါဝပ် ရှိကာ စက်ရုံမှ ထွက်သည့် ဓါတ်အားများကို ၂၃၀ ကေဗီနှင့် မဟာဓါတ်အားလိုင်းများသို့ ပေးပို့ ထည့်သွင်း သွားမည်ဖြစ်ကြောင်း စက်ရုံသစ် ပြီးစီးသွားပါက လက်ရှိလည်ပတ်လျှက်ရှိသည့် သထုံသဘာဝ ဓာတ်ငွေ့ သုံးစက်ရုံအား အရံအဖြစ် ထားရှိသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

၎င်းစီမံကိန်းကို ၂၀၁၆ ဇန်နဝါရီလလောက်က စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စက်ရုံအဆောက် အဦက ပြီးတော့ မည်ဖြစ်ကြောင်း၊ ဇွန်လ လောက်တွင် စက်အရံပစ္စည်း များသယ်ယူတော့မည်ဖြစ်ကြောင်း၊ စီမံကိန်း တစ်ခုလုံး ၂၀၁၈ ခုနှစ် နှစ်ဆန်း ပိုင်းခန့်တွင် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.