Connect with us

Social

မန္တလေးတိုင်းဒေသကြီးရှိ ကျေးရွာ ၁၂ ရွာတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ကျပ်သန်းပေါင်း ၂၉၀၀ ကျော်သုံးစွဲမည်

မြစ်ကမ်းနဘေးမြင်ကွင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၁၂ ရွာအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ၂၉၆၉.၀၈ သန်းသုံးစွဲ၍ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လျာထားကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို စဉ့်ကူးမြို့နယ်ရှိ ဆီသည်၊ ဟင်္သာဖိုကျေးရွာ၊ မတ္တရာမြို့နယ်ရှိ ဆီးဖြူကုန်း၊ ပန်းကန်စု၊ ရွာတန်းရှည်၊ ကုန်းတန်းကြီးကျေးရွာ၊ တံတားဦးမြို့နယ်ရှိ အိုးဘုတ်တန်း၊ ဈေးချို ကျေးရွာ၊ ငါးဇွန်မြို့နယ်ရှိ ငါးဇွန်မြို့၊ ထန်းစင်လှကျေးရွာ၊ မြင်းခြံမြို့နယ်ရှိ လေးအိမ်တန်းကျေးရွာနှင့် ညောင်ဦးမြို့နယ်ရှိ လောကနန္ဒာဘုရားကမ်းထိန်း တို့တွင် ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် စဉ့်ကူး၊ မတ္တရာ၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ မြင်းခြံနှင့် တောင်သာ မြို့များအတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာတွင် ငွေကျပ်ကျပ် သန်းပေါင်း ၃၆၄၉ ဒသမ ၅ သန်းဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ဆန်းပိုင်း က ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် စဉ့်ကူးမြို့နယ်ရှိ ထုံးကြီး၊ စားကျက်ကြီး၊ အင်ကတည်းကျေးရွာ၊ မတ္တရာမြို့နယ်ရှိ သူဌေးကုန်း၊ သမင်ခြံ၊ ရွာတန်း ရှည်ကျေးရွာ၊ မြင်းခြံမြို့ နယ်ရှိ ဓားကျွန်းကျေးရွာနှင့် တောင်သာမြို့နယ်ရှိ ရဘဲကျေးရွာ တို့တွင် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ကျေးရွာများအတွက် လုပ်ငန်းများကို ယခု ၂၀၁၇ ခုနှစ် မေလမကုန်မီ အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.