Connect with us

Social

တစ်နှစ်အတွင်း ပြည်ပသို့လုပ်သား တစ်သိန်းခွဲခန့် တရားဝင် စေလွှတ်နိုင်ခဲ့

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၃ ရက် (ဆင်ဟွာ)

အစိုးရသစ် လက်ထက် တစ်နှစ်တာအတွင်း ပြည်ပ နိုင်ငံများသို့ မြန်မာလုပ်သား ၁၄၇,၃၈၁ ဦးတို့ကို တရားဝင် စေလွှတ်ပေးနိုင်ခဲ့သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ယမန်နေ့ညနေပိုင်းတွင် ပြောခဲ့သည်။

“၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ မတ်လအထိ ပြည်ပနိုင်ငံတွေကို တရားဝင်စေလွှတ်ပေးခဲ့တဲ့ မြန်မာ အလုပ်သမား ၁၄၇,၃၈၁ ဦးရှိခဲ့ပါတယ်၊ စင်ကာပူနိုင်ငံကို ၆၂၁ ဦး၊ မလေးရှားကို ၂၅,၁၅၄ ဦး၊ ကိုရီးယား ကို ၅,၅၀၁ ဦး၊ ထိုင်းကို ၁၁၃,၂၁၀ ဦး၊ ဂျပန်ကို ၂,၄၈၆ ဦး ယူအေအီးကို ၂၁၄ ဦး ကာတာကို ၁၃၁ ဦး မကာအိုကို နှစ်ဦးနဲ့ လာအိုကို ၆၂ ဦးတို့ ဖြစ်ပါတယ်” ဟု နေပြည်တော် ပြန်ကြားရေး ဝန်ကြီးရုံးတွင် ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့သည့် အစိုးရသစ် တစ်နှစ်တာအတွင်း ဝန်ကြီးဌာနများ သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်မည့် လုပ်သားများအတွက် ပြည်ပ အလုပ်အကိုင် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကုန်မြို့) နှင့် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်း ကျောင်း( မန္တလေးမြို့)တို့ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ အခမဲ့ ဖွင့်လှစ်ထားပြီး ကြိုတင် ပြင်ဆင်ခြင်း၊ နိုင်ငံများ၏ ပထဝီ၊ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု၊ လူကုန်ကူးမှု တားဆီးရေး ဆိုင်ရာ သိသင့်သည့် အချက်များ၊ အလုပ်သမားရေးရာ ဥပဒေများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံ စိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်း၊ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ သိသင့်သည့် အချက်များ၊ အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်ပါ အချက်များ၊ ဆက်သွယ် အကူအညီတောင်းခံရမည့် နေရာများ၊ ပြည်ပ ထွက်ခွာခြင်း၊ အလုပ်လုပ်ကိုင်ခြင်း ဆိုင်ရာ အသိပညာ ပေးခြင်း၊ ငွေကြေး စီမံခန့်ခွဲခြင်း တို့ကို သင်ကြား ပို့ချလျက်ရှိကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။

“မြန်မာ လုပ်သားတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းအားကို မြှင့်တင်ပေးဖို့စင်ကာပူနိုင်ငံ Temasek Foundation နဲ့ Singapore Polytech Institute တို့ရဲ့ အကူအညီနဲ့ AQRF (ASEAN Qualification Reference Framework)ကို အထောက်အပံ့ ဖြစ်စေမယ့် သင်တန်းတွေကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျွမ်းကျင်မှု ဖွံ့ ဖြိုး တိုးတက်ရေး ဌာနခွဲက ဦးဆောင်ကာ ပညာရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၁၈ ခုတို့ ပူးပေါင်းပြီး အခြေခံ ဂဟေဆက် သင်တန်း၊ ကြီးကြပ်ရေးမှူး သင်တန်း၊ စစ်ဆေးရေးမှူး သင်တန်း၊ လေအေးပေးစက် ပြုပြင်၊ ကိုရီးယား ဘာသာစကား၊ ပြည်ပ အလုပ်အကိုင် လမ်းညွှန် နဲ့ ပြည်ပ အလုပ်အကိုင် (အခြား) သင်တန်းတွေကို ပြုလုပ်လခဲ့ပါတယ်၊ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၉,၈၅၄ ဦးတို့ကို သင်ကြားပေးနိုင်ခဲ့ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.