ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ရန်ကုန်မြို့တွင်း စုပေါင်း ပြေးဆွဲသည့် ဘတ်စကား စနစ်သစ် ဒုတိယနေ့ဖြစ်သည့် ဇန်နဝါရီ ၁၇ ရက်တွင် အများပြည်သူ ခရီးသွားလာမှုမှာ ပထမနေ့ထက် ပိုမို အဆင်ပြေစွာ သွားလာနိုင်ကြကြောင်း ခရီးသွားပြည်သူများနှင့် စေတနာ့ ဝန်ထမ်းများ၏ ပြောဆိုချက်များ အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန်အဆင့်မြင့်လက်ကားဈေးသစ်ကြီး အား Myanmar Agro Exchange Public Limited (MAEX) မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နှင့် အကျိုးတူပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း MAEX မှ တာဝန်ရှိသူ ဦးဇော်ဇော်က ဆင်ဟွာကိုပြောသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဖူဟုန် လမ်းသွယ်(၂)ရှိ သုံးထပ်တိုက်၌ ပြောင်းဖူးချွေစက်ဖြင့် ပြောင်းချွေရာမှ အပူချိန်လွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ယူအေအီး နိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပမည့် အာရှဖလား ၂၀၁၉ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေး ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသည့် မြန်မာ့လက်ရွေးစင်အသင်း အပါအဝင် အသင်း (၂၄) သင်းစာရင်းကို အာရှ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ...
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) နိုင်ငံတကာ နည်းပညာ ကုန်စည်ပြပွဲကို စက်မှုဝန်ကြီးဌာန စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် Myanmar Promotional Services ( MPS ) Co.,Ltd. တို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်...
နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) မြန်မာ့ ဆင်မျိုးစိတ်များ ဆက်လက် တည်ရှိရေး၊ တောဆင်ရိုင်းများအား သတ်ဖြတ်နေမှု၊ လူနှင့် ဆင် ပဋိပက္ခ ဖြစ်မှုများ ကာကွယ်တားဆီးရေးတို့အတွက် မြန်မာ့ဆင်များ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် (မူကြမ်း)ကို တတိယအကြိမ် အပြီးသတ် ပြင်ဆင်ရေးဆွဲသည့် အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်...
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ၂၂ ဘီး ကုန်သေတ္တာတင်နောက်တွဲယာဉ်က ၁ဝ ဘီးကုန်တင်ယာဉ်ကို ဝင်တိုက်၍ လူနှစ်ဦးသေဆုံးသွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ်သစ် ဖြစ်သည့် ဘတ်စ်ကားစနစ်သစ်အား ယနေ့ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့ရာ အခက်အခဲ တစ်ချို့ကြုံတွေ့ကြသော်လည်း နယ်ပယ် အသီးသီးရှိ မြို့ပြ ပြည်သူလူထုမှ ပူးပေါင်း ပါဝင်မှုများ ဆောင်ရွက်ခဲ့ပြီး ကြိုဆိုမှုများ ရှိခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်းငါးထောင် ကျော်ဖိုးရှိ ဘိန်းညိုမှုန့်/ခဲထုပ်(၄၆)ထုပ်အား ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို ဇန်နဝါရီ(၁၄)ရက် ညပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့ရာ One Championship ရဲ့ MMA မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲတွင် ကိုယ်ခံပညာ လက်ဝှေ့အကျော်အမော် မြန်မာ MMA ကစားသမားအောင်လအန်ဆန်း က လက်ရှိချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို...