Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် ကျောက်တော် နှင့် မြောက်ဦး မြို့နယ်များတွင် မိုးကြိုးထိမှန်၍ သေဆုံးသူ ၄ ဦးရှိ

မြောက်ဦး ဒေသအား တွေ့ ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ကျောက်တော် နှင့် မြောက်ဦး မြို့နယ်များတွင် ဧပြီ ၂၁ ရက် နှင့် ၂၂ ရက်များတွင် မိုးကြိုး ထိမှန်၍ သေဆုံးသူ ၄ ဦး ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု ၊ ရွှေပြည်ရွာတွင် ဧပြီ ၂၁ ရက်တွင် သေဆုံးသူ ၂ ဦး နှင့် မြောက်ဦးမြို့နယ်၊ ဘုရားများကျေးရွာအုပ်စုတွင် ဧပြီ ၂၂ ရက်တွင် အမျိုးသမီး ၂ ဦးတို့သည် မိုးကြိုးဘေးကြောင့် သေဆုံးမှု ရှိခဲ့သဖြင့် ထောက်ပံ့ငွေများအား ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများ အတွင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း ၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်ထားသည်။၂ဝ၁၆ ခုနှစ်အတွင်း၌ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခု၊ မြို့နယ်ပေါင်း ၅၉ မြို့နယ်မှ လူဦးရေတစ်သိန်းခွဲ ခန့် ဘေးဒုက္ခကြုံတွေ့ခဲ့ကာ ၄၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရသည်။ (Xinhua)