Connect with us

Social

၂ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ အတွက် ထီလက်မှတ် စောင်ရေ ၂၉ သန်းကျော် ရောင်းချ

၁ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

၂ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ အတွက် ရောင်းချရသည့် အက္ခရာပေါင်းမှာ ၃၂ လုံး နှင့် ထီအုပ်ရေ ၄၂၇၂၇ အုပ် ဖြစ်၍ ထီစာအုပ်ပေါင်း ၂,၆၆၀,၉၀၃ ဖြစ်ပြီး ထီလက်မှတ် စောင်ရေပေါင်း ၂၉,၂၆၉,၉၃၃ စောင် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ၊ အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ယနေ့ဧပြီ ၂၆ ရက်တွင် ကြေညာခဲ့သည်။

ထီလက်မှတ် စာအုပ် ရောင်းရငွေပေါင်းမှာ ကျပ်သန်းပေါင်း ၁၃၃၀၄.၅၁၅ ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းထိ ဆုငွေ အဖြစ် ခွဲဝေပေးမည့် ငွေပေါင်းမှာ ကျပ်သန်းပေါင်း ၇၉၈၂.၇၀၉ ဖြစ်ကြောင်း သိရသည်။

ထီဆုငွေများအား အထူးဆုကြီး စနစ် ၊ ဆုတစ်ဆုချင်း စနစ် နှင့် ဝေေ၀ဆာဆာ ပဒေသာ ဆုမဲစနစ်များဖြင့် စုစုပေါင်း ၉၂၂၁၅ ဆု ခွဲေ၀ ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲကို မေလ ၁ ရက် ၊ နံနက် ၈ နာရီ အချိန်တွင် ကျောက်တံတား မြို့နယ်ရှိ အောင်ဘာလေ သိန်းဆု ဌာနခွဲ ၊ ထီဖွင့်ပွဲ ခန်းမ၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး အကြိမ် ၃၄၀ မြောက် ကျပ် ၂၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲကိုလည်း တစ်ဆက်တည်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.