Connect with us

Sport

မျိုးဆက်သစ် ကစားသမားရွေးချယ်ရေး အစီအစဉ်များ မှ ရွေးချယ်ခံရသော ပဏာမ စာရင်းထွက်ပေါ်

မျိုးဆက်သစ် ကစားသမားစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့များရှိ ဘောလုံးအကယ်ဒမီများတွင် တက်ရောက်ခွင့် ရရှိမည့် မျိုးဆက်သစ် ကစားသမားရွေးချယ်ရေး အစီအစဉ်များကို မြို့ပေါင်း ၅၅ မြို့တွင် သွားရောက် ရွေးချယ်ခဲ့ရာ ရွေးချယ်ခံရသော ပဏာမ စာရင်းအားမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှထုတ်ပြန်လိုက်သည်။

ရွေးချယ်ခံရသော ကစားသမားများအနေဖြင့် မွေးစာရင်းမူရင်း၊ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်း၊ ကျောင်းသားကတ် မူရင်း၊ ကျောင်းထောက်ခံစာ မူရင်းများနှင့် တကွ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သို့ မေလ ၁ ရက်နေ့ ညနေ (၃)နာရီ တွင် လာရောက် ရမည်ဖြစ်သည်။

ထိုစာရွက်စာတမ်းများ မှန်ကန်မှုရှိမှသာ မေလ ၂ ရက်နှင့် ၃ ရက်နေ့ နံနက် ၇ နာရီ ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းတွင် ပြုလုပ်မည့် မြန်မာဘောလုံး အကယ်ဒမီ သင်တန်းသား ဆန်ကာတင် ရွေးချယ်ပွဲတွင် ပါဝင်ခွင့် ရရှိမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.