Connect with us

Politics, Law & Military

စစ်တွေမြို့ရှိ စားသောက်ဆိုင်၌ ခိုက်ရန်ဖြစ်ပွားရာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိ

လက်နက်များတွေ့ရှိသည့် မော်တော်ယာဉ်ပိုင်ရှင်အား ဖမ်းဆီးထားစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေး ကော်မတီ)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက် မေယုတောင်လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ရန်ဖြစ်ပွားပြီး ဓားဒဏ်ရာဖြင့် တစ်ဦးသေဆုံးပြီး သေနတ်ဒဏ်ရာဖြင့် တစ်ဦးဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ စားသောက်ဆိုင်မှ ဝန်ထမ်းများနှင့် လာရောက်စားသောက်သူများ အချင်းများကာ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ဇော်အေး၏ ဦးခေါင်းနောက်စေ့၊ ဝဲလက်မောင်း၊ ဝဲလက်ပြင်၊ ယာတံတောင်ဆစ် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ဇော်အေးနှင့် အဖွဲ့က ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်တွင် ရောက်ရှိနေသူ ဦးမောင်သိန်းဦး ၆၁ နှစ်၏ ယာနို့အုံအောက်မှ ကျည်ထိမှန် ဒဏ်ရာရရှိ၍ စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူလျက်ရှိသည်။ ဒဏ်ရာရရှိသူ ဇော်အေးမှာ စစ်တွေဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ ဇော်အေးနှင့်အဖွဲ့ စီးနင်း လာသည့် မော်တော်ယာဉ်အား မင်းဂံရပ်ကွက်ရှိ ပန်းသတင်း စားသောက်ဆိုင် ရှေ့၌ တွေ့ရှိစစ်ဆေးရာ ၉ မမ ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည်ကိုးတောင့်၊ ကျည်ခွံတစ်ခု၊ ဓားလေးချောင်းနှင့် ဘောစေ့ ထည့်ပစ်ရသည့် ပစ္စတို တစ်လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်နက်များတွေ့ရှိသည့် မော်တော်ယာဉ်ပိုင်ရှင် အေးကိုအား လက်နက်ဥပဒေဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိပြီး ဇော်အေးသေဆုံးမှုနှင့် ပတ်သက်၍ တရားခံများအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.