Connect with us

Politics, Law & Military

သုံးဆယ်မြို့၌ ကျည်မျိုးစုံ၊ လက်ပစ်ဗုံး(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

သုံးဆယ်မြို့၌ ကျည်မျိုးစုံ၊ လက်ပစ်ဗုံး(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ အောက်တိုဘာ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ် မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ၁၅း၀၀ နာရီအချိန် သုံးဆယ်မြို့၊ အနောက်ရိုးကြီး ရပ်ကွက်နေ မသန္တာချို(၃၀)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း (ဘ)ဦးဘသန်း သည် ပလပ်စတစ်ကောက်ရန် သွားရောက်စဉ် သုံးဆယ်မြို့၊ ရန်ကုန်-ပြည် ကားလမ်းဘေး သင်တောရိုးရေထိန်းတံခါးအနီး ချုံပုတ်အတွင်း၌ ပလပ်စတစ်အနက်ရောင်ဖြင့် ထည့်ထားသော ကျည်ဆံများတွေ့ရှိထားကြောင်း သတင်းအရ သာယာဝတီ မြို့နယ်မှ တာဝန်ရှိသူများ မှ သွားရောက်စစ်ဆေးရာ ၉ မမ ကျည်(၁၁၈)တောင့်၊ ကာဘိုင်ကျည်(၁) တောင့်၊ .၃၀၃ ကျည် (၃၃)တောင့်/ ကျည်ကဒ်(၂)ခု/ ကျည်ခွံ(၆) ခု၊ ၇.၆၂ ကျည် (၅)တောင့်၊ ၅.၅၆ ကျည်(၆)တောင့်/ ကျည်ကဒ် (၁)ခု၊ လက်ပစ်ဗုံး(၁)လုံး (အမျိုးအစားစိစစ်ဆဲ)/စနစ်တံ (၁)ခု၊ ပစ္စတို ကျည်အိမ်(၁)ခု/ လည်သာအိတ် (၁)ခု၊ ALPHAMAX အချက်ပြ မီးကျည်(၁)တောင့်တို့တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအား သာယာဝတီမြို့မရဲစခန်း၌ ခေတ္တ သိမ်းဆည်းထားပြီး သက်ဆိုင်ရာတပ်သို့ လွှဲပြောင်းအပ်နှံနိုင်ရေး စီစဉ်ထားရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.