Connect with us

Politics, Law & Military

တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ကတိသစ္စာပြု

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ယနေ့ကျင်းပသော တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် အစည်းအဝေးများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အဖြစ် ခန့်အပ်ခံရသူများ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် မြစ်ကြီးနား မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာခက်အောင်၊ ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် မယ်စဲ့ မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအယ်လ်ဖောင်းရှို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဖားအံ မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဖလမ်း မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဆလိုင်းလျန်လွယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးဝန် ကြီးချုပ်အဖြစ် ရွှေဘို မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါက်တာမြင့်နိုင်၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် သရက်ချောင်း မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာလဲ့လဲ့မော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရေတာရှည် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဝင်းသိန်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ပွင့်ဖြူ မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အမရပူရ မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာဇော်မြင့်မောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ဘီးလင်း မဲဆန္ဒနယ် အမှတ် (၂) မှ ဦးမင်းမင်းဦး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဂွမဲဆန္ဒနယ်အမှတ် (၂) မှ ဦးညီပု၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် လှည်းကူး မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လားရှိုး မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာလင်းထွဋ်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ကျူံပျော် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးမန်းဂျော်နီတို့မှ ယနေ့တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် လွှတ်တော်ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ် တာဝန်ပေးအပ်ရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဝန်ကြီးချုပ် အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရဟု ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.