Connect with us

Politics, Law & Military

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (၁၂) ကြိမ်မြောက် အစည်းအဝေး စတင်ကျင်းပ

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (၁၂) ကြိမ်မြောက် အစည်းအဝေးကျင်းပနေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)၏ (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာနတွင် ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့တွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၂ရက်နေ့ထိ သုံးရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကို ပဋိပက္ခ ဖြစ်စဉ်တွင် အဓိက ပါဝင်နေသည့် အဖွဲ့များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ခံစားနေရသည့် ပြည်သူအတွက် အရပ်သား ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း၊အရပ်သား ကိုယ်စားလှယ်များကို တရားသူကြီး အနေဖြင့် ခန့်ထားခြင်း ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

ပဋိပက္ခများ ပေါ်ပေါက်လာလျှင် မည်သို့ ဆောင်ရွက်ရမည် ဆိုသည့် လုပ်ထုံးလုပ်နည်းများ JMC တွင် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ထို လုပ်ထုံးလုပ်နည်းများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အသက်သွေးကြော ဖြစ်ကြောင်း ၎င်းကဆိုသည်။

JMC-S များကို သတ်မှတ် ရည်မှန်းသည့် အတိုင်း (၅) နေရာတွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ ဒေသအဆင့် JMC-L များကို (၂) နေရာတွင် ဖွဲ့စည်းနိုင်သည့် အတွက် JMC ၏ ရုပ်လုံးသည် ပီပြင်လာပြီ ဖြစ်ကြောင်း အရပ်သား ကိုယ်စားလှယ် ဒုတိယ ဥက္ကဋ္ဌ (၂) သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေးက ဆိုသည်။

အရပ်သားများ၏ အခန်းကဏ္ဍသည် ပို၍ အရေးကြီးလာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ရန် အချိန်ယူရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

“အရပ်သားများသည် စစ်၏ အနိဋ္ဌာရုံနှင့် ရင်ဆိုင်ခဲ့ရသည့် အတွက် JMC ကို ယုံကြည်ရန် လိုအပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်ရန် JMC အပေါ်တွင် များစွာ မူတည်တယ်၊ ” ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး (KNU) ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.