Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ဒုတိယသမ္မတ (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အခမ်းအနားတက်ရောက်စဉ်(ဓာတ်ပုံ- MOFA)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၉နာရီတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပပြုလုပ်သည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အခမ်းအနားတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres က ကုလသမဂ္ဂအဖွဲ့ကြီး၏ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ နှစ်စဉ်အစီရင်ခံစာကို ရှင်းလင်းပြောကြားပြီး (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Mr. Miroslav Lajcak က အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ ဖွင့်ပွဲနေ့တွင် ဘရာဇီးနိုင်ငံ သမ္မတ၊ အမေရိကန်နိုင်ငံ သမ္မတတို့ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၃၇)နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများမှ မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရသည်။

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆောင်ပုဒ်မှာ “Focusing on People-Striving for Peace and a Decent Life for All on a Sustainable Planet” ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.