Connect with us

Politics, Law & Military

ပုဒ်မ ၅၉(စ) ပယ်ဖျက်ခြင်း အပါအဝင် ပြင်ဆင်ချက် ၁၅ ခုလုံး မူလပြဌာန်းချက်အတိုင်း ထားရှိ

လွှတ်တော် ကိုယ်စားလှယ်များ ဆန္ဒမဲ ပေးနေကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၁ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြခံ ဥပဒေ (၂၀၀၈)ကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများအနက် ပုဒ်မ ၄၃၆ (က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုတို့ကို စုစည်းထားသော ဆန္ဒမဲ လက်မှတ်(၂)အတွက် မဲခွဲခြင်းအား ယနေ့ ပြည်ထောင်စု လွှတ်တော်၌ ဆောင်ရွက်ခဲ့ရာ သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉(စ)အား ပယ်ဖျက်ခြင်းအပါအဝင် ပြင်ဆင်ချက် ၁၅ ခုစလုံးအတွက် ရရှိသော ထောက်ခံမဲမှာ လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း မကျော်သောကြောင့် မူလ ပြဌာန်းချက်များအတိုင်း ဖြစ်ကြောင်း လွှတ်တော် နာယကက ကြေညာခဲ့သည်။

ယနေ့ ဆန္ဒမဲ ပေးခဲ့ကြသည့် ဆန္ဒမဲ လက်မှတ် (၂) ပါ ပြင်ဆင်ချက် ၁၅ ချက်တို့တွင် နိုင်ငံတော် သမ္မတ၏ အရည်အချင်း ဆိုင်ရာ ပြင်ဆင်ချက်၊ ပယ်ဖျက်ချက်များကို NLD ပါတီကရော ပြည်ခိုင်ဖြိုး ပါတီကပါ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများ ပြုလုပ်ထားသည့် ပုဒ်မ ၅၉(ဂ)၊ (ဃ) နှင့် (စ)၊ လွှတ်တော်များရှိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အရေအတွက်အား လွှတ်တော် သက်တမ်းအလိုက် လျှော့ချသည့် ပြင်ဆင်ချက် ဖြစ်သော ပုဒ်မ ၁၀၉ (ခ)၊ ၁၄၁ (ခ)၊ ၁၆၁ (ဃ)၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဖွဲ့စည်းပုံနှင့် တာဝန်များကို ပယ်ဖျက်၊ ဖြည့်စွက်သည့် ပုဒ်မ ၂၀၁ (ဆ) – ၁ ၊ ၂၀၁(ဆ) – ၂ နှင့် ၂၀၁(ဋ)၊ ၄၁၀၊ ၄၁၁ တို့ ပါဝင်ပြီး အဆိုပါ ပြင်ဆင်ချက် ၁၅ ချက်စလုံး အတွက် အသီးသီး ရရှိသော ထောက်ခံမဲသည် လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း မကျော်သောကြောင့် မူလ ပြဌာန်းချက်များအတိုင်း ဖြစ်ကြောင်း လွှတ်တော် နာယကက ကြေညာခဲ့ခြင်း ဖြစ်သည်။ပုဒ်မ ၄၃၆ (က) အောက်တွင် အကျုံးဝင်သည့် ပုဒ်မ ပုဒ်မခွဲများ ပါဝင်သော ဆန္ဒမဲ လက်မှတ် (၃) အတွက် မဲခွဲခြင်းကို မှတ်လ ၁၃ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာခဲ့သည်။

အဆိုပါ ဆန္ဒမဲ လက်မှတ်(၃)တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာခြင်းဆိုင်ရာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ လုပ်ပိုင်ခွင့်များ ဖြစ်သည့် ၄၁၂ (က)၊ (ခ)၊ ၄၁၃ (က)၊ (ခ)၊ ပုဒ်မ ၄၁၅၊ ၄၁၇၊ ၄၁၈၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို နိုင်ငံတော် သမ္မတက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား လွှဲအပ်သည့် ပုဒ်မ ၄၁၈(က)၊ ၄၁၈(ခ)၊ ၄၁၉၊ ၄၂၀၊ ၄၂၁၊ ၄၂၁(က)၊ ၄၂၁(ခ) တို့ပါဝင်ကြပြီး NLD ပါတီမှ ဦးထွန်းထွန်းဟိန်၏ ပြင်ဆင်ချက်၌ ၄၁၂ (က)၊ (ခ)၊ ၄၁၃ (က)၊ (ခ)၊ ၄၁၉၊ ၄၂၀၊ ၄၂၁၊ ၄၂၁(က)၊ ၄၂၁(ခ) တို့ကို ပယ်ဖျက်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.